AD
AD
AD
play


နျူကလီးယားလက်နက်သုံးပြီး ဂျပန်နိုင်ငံကို ပင်လယ်ထဲ နှစ်မြှုပ်ပစ်ကာ အမေရိကန်ကိုလည်း ပြာပုံဖြစ်ပြီး အမှောင်ကျသွားစေမယ်လို့ မြောက်ကိုရီးယားရဲ့အစိုးရဌာနတစ်ခုက ယနေ့ (စက်တင်ဘာ ၁၄ ရက်) ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

ဂျပန်နဲ့အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးပိတ်ဆို့မှုကို အားပေးထာက်ခံခဲ့မှုကြောင့် မြောက်ကိုရီးယားက ထိုသို့ ခြိမ်းခြောက်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။


မြောက်ကိုရီးယားအစိုးရရဲ့ ကိုရီးယား အာရှ-ပစိဖိတ် ငြိမ်းချမ်းရေးကော်မတီက ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ လူဆိုးတွေရဲ့ လက်ကိုင်တုတ်ဖြစ်နေကြောင်းနဲ့ လာဘ်ငွေယူထားတဲ့ နိုင်ငံများဖြင့် ဖွဲ့စည်းထားကာ အမေရိကန်ရဲ့အမိန့်ကို နာခံနေတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။

ကင်မ်ဂျုံအန်အစိုးရရဲ့ ကိုရီးယား အာရှ-ပစိဖိတ် ငြိမ်းချမ်းရေးကော်မတီဟာ မြောက်ကိုရီးယားရဲ့ နိုင်ငံတကာဆက်ဆံမှုတွေနဲ့ ဝါဒဖြန့်မှုတွေကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ ဌာနတစ်ခုလည်း ဖြစ်ပါတယ်။

play


မြောက်ကိုရီးယားက စက်တင်ဘာ ၃ ရက်မှာ ၎င်းရဲ့ ၆ ကြိမ်မြောက်နဲ့ အားအပြင်းဆုံး နျူကလီးယားစမ်းသပ်မှုအဖြစ် ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲစမ်းသပ်ခဲ့ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ပါတယ်။

"ဒီကျွန်းဆွယ်မှာရှိတဲ့ ဂျပန်ကျွန်းတွေကို နျူကလီးယားဗုံးခွဲပြီး ပင်လယ်ထဲနှစ်မြုပ်ပစ်သင့်တယ်၊ ဂျပန်ဟာ ကျွန်တော်တို့အနီးမှာရှိဖို့ မလိုအပ်တော့ဘူး" လို့ မြောက်ကိုရီးယားရဲ့ ကိုရီးယား အာရှ-ပစိဖိတ် ငြိမ်းချမ်းရေးကော်မတီက ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်ကို မြောက်ကိုရီးယားအစိုးရ သတင်းဌာနက KCNA က ဖော်ပြထားပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD