AD
AD
AD

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဘာသာရေးစာသင်ကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ကွာလာလမ်ပူမှာ ဘာသာရေးစာသင်ကျောင်း မီးလောင်မှု


သေဆုံးခဲ့သူတွေအနက် အများစုဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသားများဖြစ်ပြီး မီးလောင်နေစဉ် သံတိုင်များဖြင့်ကာရံထားတဲ့ ပြတင်းပေါက်တွေကနေ ငိုယိုအော်ဟစ်ကာ အကူအညီတောင်းခံခဲ့ကြကြောင်း အာဏာပိုင်တွေနဲ့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။

play


ယနေ့ (စက်တင်ဘာ ၁၄ ရက်) ဒေသစံတော်ချိန် မနက် ၅း၄၀ ဝန်းကျင်က အထပ်သုံးထပ်ပါ ကျောင်းအဆောက်အအုံရဲ့ အပေါ်ဆုံးထပ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အထပ်မှာရှိတဲ့ ပြတင်းပေါက်များကို သံတိုင်များဖြင့် ကာရံထားရာ မီးလောင်မှုဖြစ်ပွားစဉ် ထွက်မပြေးနိုင်ခဲ့ကြကြောင်း မျက်မြင်တွေက ပြောပါတယ်။


မီးလောင်မှုအတွင်း အသက်ရှင်ခဲ့သူ တစ်ဦးရဲ့ပြောကြားမှုအရ ပြတင်းပေါက်တစ်ခုကိုသာ သံတိုင်များဖယ်ရှားပြီး ဖွင့်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ မီးလောင်မှုအတွင်း ၁၃ ဦး အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဘာသာရေးစာသင်ကျောင်း မီးလောင်မှုအတွင်း ကျောင်းဆရာ ၂ ဦးလည်း သေဆုံးခဲ့ပါတယ်။

play


မီးလောင်မှုဖြစ်ခဲ့တဲ့ Darul Quran Ittifaqiyah ကျောင်းဟာ ကွာလာလမ်ပူရှိ အထင်အရ ပက်ထရိုနက်စ် အမြွှာမိုးမျှော်အဆောက်အအုံကနေ ၁၅ မိနစ်ခန့် ကားမောင်းသွားရတဲ့ နေရာမှာတည်ရှိကြောင်းလည်း သိရပါတယ်။ မီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားများအနက် အသက်အငယ်ဆုံးအဖြစ် ၇ နှစ်အရွယ်တစ်ဦး ပါဝင်ခဲ့ပါတယ်။

play


သေဆုံးခဲ့သူ အများစုဟာ မီးခိုးငွေ့များကြောင့် အသက်ရှူမွန်းကြပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ယခုဖြစ်ရပ်ဟာ မလေးရှားနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး မီးလောင်မှုတစ်ခု ဖြစ်ခဲ့ကြောင်း ကွာလာလမ်ပူ မီးသတ်နဲ့ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး ခီရူဒင်ဒရာဟ်မန်းက ဆိုပါတယ်။

play

 
မလေးရှားမှာ ၂၀၁၁ ခုနှစ်မှ လက်ရှိအချိန်ထိ အလားတူ ဘာသာရေးစာသင်ကျောင်း မီးလောင်မှု ၃၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်းနဲ့ အဆိုပါကျောင်းတွေဟာ မီးအန္တရာယ်ကင်းရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ကြောင်း မလေးရှား ဒုတိယဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာမစ်ဒီက ပြောပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD