AD
AD
AD

ကမ္ဘာ့အသက်ကြီးဆုံး ပန်ဒါဝက်ဝံကြီး သေဆုံးသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Fuzhou ပြည်နယ်ရှိ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ပြောပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံ သေဆုံး


Basi အမည်ရှိ အသက် ၃၇ နှစ်အရွယ် ပန်ဒါဝက်ဝံမကြီးဟာ အခြား ပန်ဒါတွေအားလုံးထက် အသက်ပိုရှည်ခဲ့ပြီး ၎င်းရဲ့အသက်ဟာ လူသားတွေရဲ့သက်တမ်းအရဆိုပါက နှစ် ၁၀၀ ကျော်နဲ့ ညီမျှကြောင်းလည်း သိရပါတယ်။

play


တရုတ်နိုင်ငံမှာ ပန်ဒါဝက်ဝံတွေကို နိုင်ငံတော်ဆိုင်ရာ သင်္ကေတအဖြစ် အထူးထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရပါတယ်။ ပန်ဒါဝက်ဝံမကြီး Basi ကို အသက် ၄ နှစ် သို့မဟုတ် ၅ နှစ် အရွယ်ကတည်းက ပန်ဒါ ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းမှာ စောင့်ရှောက်ထားခဲ့တာ ဖြစ်ပါတယ်။

play


သေဆုံးသွားတဲ့ ပန်ဒါဝက်ဝံမကြီးကို အများပြည်သူ အမှတ်တရ လာရောက်ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားပြီး တရုတ်အစိုးရ ရုပ်မြင်သံကြားသတင်းက တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါတယ်။

play


အသက် ၃၇ နှစ်အရွယ် ပန်ဒါဝက်ဝံမကြီး ဘာစီဟာ စက်တင်ဘာ ၁၄ ရက် မနက် ၈း၅၀ မှာ သေဆုံးသွားခဲ့ကြောင်း Fuzhou မှာရှိတဲ့ Straits Giant Panda Research and Exchange Centre က အတည်ပြု သတင်းထုတ်ပြန်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD