လန်ဒန် မြေအောက်ရထားပေါ် ပေါက်ကွဲမှု


ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အနောက်တောင်ပိုင်း မြေအောက်ရထားပေါ်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း စကော့တလန်ယာ့ဒ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ယနေ့ (စက်တင်ဘာ ၁၅ ရက်) မနက်ပိုင်း အသွားအလာများပြားချိန်အတွင်း မြေအောက်ရထားပေါ် ပေါက်ကွဲမှုဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

play


မြေအောက်ရထားပေါ် ပေါက်ကွဲမှုကြောင့် လူ ၂၉ ဦး ဒဏ်ရာရခဲ့ပြီး ယခုဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်နေကြောင်း သိရပါတယ်။ ဝင်ဘယ်ဒန်မှ ထွက်ခွာလာခဲ့တဲ့ မြေအောက်ရထားဟာ Parsons Green ဘူတာရုံအရောက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

play


ပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူအများစုဟာ မီးလောင်ဒဏ်ရာများ ရခဲ့ကြခြင်းဖြစ်ပြီး လက်ရှိမှာ ၎င်းတို့အနက် ၈ ဦး ဆေးရုံမှဆင်ခဲ့ပြီလို့ သိရပါတယ်။ ရထားပေါ်မှာ ဖောက်ခွဲရေးပစ္စည်းချသွားခဲ့သူကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပြီး Parsons Green ဘူတာရုံအနီးတဝိုက် ရှင်းလင်းထားပါတယ်။

play


ရထားပေါ်မှာ ဖောက်ခွဲရေးပစ္စည်းချသွားသူကို လုံခြုံရေးကင်မရာမှတ်တမ်းမှာ တွေ့ရှိခဲ့ပေမဲ့ မည်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က မသိနိုင်သေးဘူးလို့ ဗြိတိန် Daily Mail သတင်းမှာ ဖော်ပြပါတယ်။

play


လူအများအပြားကို ထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ ယခုလုပ်ရပ်ဟာ သူရဲဘောကြောင်သူတွေရဲ့ တိုက်ခိုက်မှုအဖြစ် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ရှုတ်ချလိုက်ပါတယ်။

ဗြိတိန်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ် သတိပေးမှုကို ဒုတိယအမြင့်ဆုံးအဖြစ် ဆက်လက်ထားရှိကြောင်းနဲ့ ပြန်လည်သုံးသပ်သွားမယ်လို့လည်း ထရီဆာမေက ပြောပါတယ်။

play


မြေအောက်ရထားပေါ် ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ယောက်ကို ဖမ်းဆီးခဲ့ခြင်းရှိ မရှိ ထုတ်ဖော်ပြောဆိုရန် ရဲတပ်ဖွဲ့က ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။ မြေအောက်ရထားပေါ် ပေါက်ကွဲမှုကို ရဲတပ်ဖွဲ့ စုံစမ်းရေးမှူးတွေနဲ့ MI5ေ ထာက်လှမ်းရေးအဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

နောက်ဆုံးသတင်းအရ မြေအောက်ရထားပေါ် ပေါက်ကွဲမှုဖြစ်ပြီးနောက် ဗြိတိန်အစိုးရက နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video