play
မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု အခြေအနေပြ မြေပုံ


မြောက်ကိုရီးယားက ဂျပန်နိုင်ငံပေါ်ကနေ နောက်ထပ် ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ရာ ဒေသတွင်း တင်းမာမှုတွေ ပိုမိုမြင့်တက်လာကြောင်း သိရပါတယ်။ မြောက်ကိုရီးယားက ဂျပန်မြောက်ပိုင်း ဟော့ကိုင်ဒိုကျွန်းပေါ်မှ ဖြတ်ကျော်ပြီး ပစိဖိတ်သမုဒ္ဒရာအတွင်းကို ယနေ့ (စက်တင်ဘာ ၁၅ ရက်) ဒုံးကျည်တစ်စင်း ထပ်မံ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

play
တောင်ကိုရီးယားတပ်ဖွဲ့ဝင်များ


မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ဂျပန်နိုင်ငံပေါ်မှ ဖြတ်ကျော်သွားပြီးနောက် ဟော့ကိုင်ဒိုကျွန်းအရှေ့ဘက် ၁,၂၄၀ မိုင်အကွာ ပစိဖိတ်သမုဒ္ဒရာအတွင်း ကျရောက်ခဲ့ကြောင်း ဂျပန်အစိုးရတာဝန်ရှိသူ ယိုရှီဟီဒီဆူဂါက သတင်းထောက်တွေကို ပြောပါတယ်။


ဒုံးကျည်သတိပေးချက်ကို ဂျပန်မြောက်ပိုင်းဒေသတွေမှာ ဒေသစံတော်ချိန် မနက် ၇ နာရီဝန်းကျင်က ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ ဒေသခံတွေကို ၎င်းတို့ရဲ့ မိုဘိုင်းဖုန်းမက်ဆေ့ခ်ျနဲ့ ရုပ်မြင်သံကြားမှတစ်ဆင့် ဒုံးကျည်သတိပေးချက်နဲ့အတူ ခိုလှုံရန်နေရာ ရှာဖွေရေး နှိုးဆော်ချက်များ ပေးပို့ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

play
ဟိုက်ဒရိုဂျင်ဗုံးကို ကင်မ်ဂျုံအန် ကြည့်ရှုစစ်ဆေးစဉ်


အမေရိကန် ကာကွယ်ရေးဝန်ကြီးကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုဟာ သန်းနဲ့ချီတဲ့ ဂျပန်ပြည်သူတွေကို ပုန်းခိုတိမ်းရှောင်ပြီး အကာအကွယ်ယူရတဲ့ အခြေအနေ ဖြစ်စေတယ်လို့ ပြောပါတယ်။

သို့သော် ဂျပန်မြောက်ပိုင်းမှ ဒေသခံတွေကတော့ တည်တည်ငြိမ်ငြိမ်ပင်ရှိနေပြီး ၎င်းတို့ရဲ့လုပ်ငန်းတွေကို ပုံမှန်အတိုင်း လုပ်ကိုင်နေကြတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

play
တောင်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်စမ်းသပ်စဉ်


မြောက်ကိုရီးယားက တစ်လမပြည့်မီအတွင်းမှာပင် ဂျပန်နိုင်ငံပေါ်ကို ဖြတ်ကျော်ပြီး ဒုတိယအကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ၄၈၀ မိုင် အမြင့်ကနေ ၁၉ မိနစ်အကြာမှာ အကွာအဝေး မိုင် ၂,၃၀၀ ကို ရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

အဆိုပါ အကွာအဝေးဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းကို ရောက်ရှိနိုင်တဲ့ အကွာအဝေးလည်း ဖြစ်ပါတယ်။

play
မြောက်ကိုရီးယားရဲ့ ICBM Hwasong-14 ဒုံးကျည်စမ်းသပ်ခဲ့စဉ်


မြောက်ကိုရီးယားက စက်တင်ဘာ ၃ ရက်မှာ ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်မှုနဲ့ ဂျပန်နိုင်ငံပေါ်ကို ဖြတ်ကျော်ပြီး နောက်ထပ် ဒုံးကျည်ပစ်လွှတ်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာနေကြောင်း သိရပါတယ်။

ယခုရက်ပိုင်းအတွင်း မြောက်ကိုရီးယားက ဂျပန်ကို နှစ်မြှုပ်ပစ်ပြီး အမေရိကန်ကို ပြာပုံဖြစ်စေမယ်လို့လည်း ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video