AD
AD
AD

လန်ဒန် မြေအောက်ရထားပေါ် ပေါက်ကွဲမှုဖြစ်


ဗြိတိန်နိုင်ငံ လန်ဒန်မြို့ မြေအောက်ရထားပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ဆက်နွယ်ကြောင်း သံသယရှိသူ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

အဆိုပါ ဆယ်ကျော်သက်ကို Kent ရဲတပ်ဖွဲ့က ဒိုဗာမှာ ယနေ့ (စက်တင်ဘာ ၁၆ ရက်) ဖမ်းဆီးခဲ့ကာ ဒေသဆိုင်ရာ ရဲစခန်းသို့ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

play


မြေအောက်ရထားပေါ် ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး သံသယရှိသူကို ဖမ်းဆီးခဲ့ကြောင်း၊ သို့သော် အကြမ်းဖက် တိုက်ခိုက်မှုအန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးအဖြစ် ဆက်လက် သတ်မှတ်ထားကြောင်း လန်ဒန်ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲက ပြောပါတယ်။


Parsons Green ဘူတာရုံမှာ စက်တင်ဘာ ၁၅ ရက်က မြေအောက်ရထားပေါ် ပေါက်ကွဲမှုကြောင့် လူ ၃၀ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့သူအများစုဟာ အသေးစား ဒဏ်ရာများသာဖြစ်ပြီး ဆေးရုံဆင်းသွားခဲ့ပြီလို့ အရေးပေါ်ဌာနက ပြောပါတယ်။ လက်ရှိအချိန်ထိ ဒဏ်ရာရခဲ့သူ ၃ ဦးသာ ဆေးရုံမှာ ကုသမှုခံယူနေရကြောင်းလည်း အဆိုပါဌာနက ဆိုပါတယ်။

play


မြေအောက်ရထားပေါ် ပေါက်ကွဲမှုနဲ့ ဆက်နွယ်နေကြောင်း သံသယရှိသူကို ဖမ်းဆီးခဲ့ပြီး ဖြစ်သော်လည်း စုံစမ်းစစ်ဆေးရေးမှူးတွေက မျက်မြင်ကြုံခဲ့ရသူ ၄၅ ဦးကို မေးမြန်းမှုတွေ ပြုလုပ်နေပြီး အများပြည်သူထံမှ သတင်းအချက်အလက်တွေကို အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လျှို့ဝှက်ဖုန်းလိုင်းဖြင့် လက်ခံရယူနေဆဲ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

play


မြေအောက်ရထားပေါ် ပေါက်ကွဲမှုနဲ့ပတ်သက်တဲ့ ဓာတ်ပုံနဲ့ဗီဒီယို ၇၇ ဖိုင်ကို UK Police IMage Appeal ဝက်ဘ်ဆိုက်မှတစ်ဆင့် အများပြည်သူထံမှ လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ လန်ဒန် မြေအောက်ရထားပေါ် ပေါက်ကွဲမှုကို ၎င်းတို့ စီစဉ်လုပ်ဆောင်ခဲ့တယ်လို့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က စက်တင်ဘာ ၁၅ ရက်မှာ ပြောခဲ့ကြောင်းလည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD