AD
AD
AD

မက္ကစီကိုနိုင်ငံမှာ ရစ်ခ်ျတာစကေး ၇.၁ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ၁၃၉ ဦးထက်မနည်း သေဆုံးကြောင်း သိရပါတယ်။

မက္ကစီကိုမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်မှု


ငလျင်ဟာ စက်တင်ဘာ ၁၉ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၂း၁၄ က မက္ကစီကိုစီးတီးမှ ၇၅ မိုင်အကွာ မြေအေက်အနက် ၃၁ မိုင်ကျော်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း US Geological Survey ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

play


ငလျင်ကြောင့် မက္ကစီကိုစီးတီးမှာ အဆောက်အအုံ ဒါဇင်နဲ့ချီပြီး ပြိုကျခဲ့တယ်လို့ ဆိုပါတယ်။ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် လူဦးရေ သန်း ၂၀ နေထိုင်ကြတဲ့ မက္ကစီကိုစီးတီးမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။

play


ကယ်ဆယ်ရေးအဖွဲ့တွေက အဆောက်အအုံ အပျက်အစီးများအတွင်း အသက်ရှင်ကျန်ရစ်နေသူများနဲ့ သေဆုံးသူရုပ်အလောင်းတွေကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် မိုရီလော့စ်ပြည်နယ် တစ်ခုတည်းမှာပင် လူ ၆၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

Puebla ပြည်နယ်မှာ ၂၉ ဦး၊ မက္ကစီကိုစီးတီးမှာ ၃၆ ဦး၊ မက္ကစီကိုပြည်နယ်မှာ ၉ ဦးနဲ့ Guerrero မှာ တစ်ဦးသေဆုံးကြောင်း အတည်ပြုထားပါတယ်။ "ကျွန်မ အရမ်းကြောက်ပြီး ငိုနေမိတယ်၊ ၁၉၈၅ ခုနှစ်ကအတိုင်း တစ်ကယ့် အဖြစ်ဆိုးကြီးပါပဲ" လို့ အသက် ၅၂ နှစ်အရွယ် ဂျော်ဂျီနာဆန်ချက်ဇ် အမည်ရှိ အမျိုးသမီးက ပြောပါတယ်။

play


မက္ကစီကိုစီးတီးရှိ နေရာ ၄၄ ခုမှာ အဆောက်အအုံများ ပြိုကျမှု သို့မဟုတ် ဆိုးရွားစွာ ပျက်စီးမှုတွေဖြစ်ခဲ့ကြောင်း မြို့တော်ဝန်က Televisa​​ သတင်းဌာနကို ပြောခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် မက္ကစီကိုစီးတီးမှာ လျှပ်စစ်ဓာတ်အားနဲ့ တယ်လီဖုန်းလိုင်းများလည်း ပြတ်တောက်နေပါတယ်။

play


ငလျင်ဒဏ်ကြောင့် ဂက်စ်ပိုက်လိုင်းများ ပေါက်ကွဲပျက်စီးနေနိုင်တာကြောင့် မြိုခံများအား လမ်းမပေါ်မှာ ဆေးလိပ်မသောက်ကြရန်လည်း အာဏာပိုင်တွေက သတိပေးထားတယ်လို့ ဆိုပါတယ်။

play


စက်တင်ဘာ ၇ ရက်ကလည်း မက္ကစီကိုမှာ ရာစုနှစ်တစ်ခုအတွင်း အင်အား အပြင်းထန်ဆုံးဖြစ်တဲ့ ရစ်ခ်ျတာစကေး ၈.၂ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ လူ ၉၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

မက္ကစီကိုမှာ လွန်ခဲ့တဲ့ ၃၂ နှစ်အကြာ ၁၉၈၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်ကလည်း အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၁၀,၀၀၀ အထိ သေဆုံးခဲ့ဖူးပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD