play
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောနေသည့် ဒေါ်နယ်ထရန့်


အမေရိကန်နဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်မှုတွေ ဆက်လက် လုပ်ဆောင်နေပါက မြောက်ကိုရီးယားကို ဖျက်ဆီးပစ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားစဉ် သတိပေးလိုက်ပါတယ်။

"အမေရိကန်က အင်အားကြီးမားသလို သည်းခံမှုလည်း ကြီးမားပါတယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ ဒါမှမဟုတ် မဟာမိတ်နိုင်ငံတွေကို ကာကွယ်ဖို့ မဖြစ်မနေ လိုအပ်လာပြီဆိုရင်တော့ မြောက်ကိုရီးယားကို လုံးဝ ဖျက်ဆီးပစ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး" လို့ ထရန့်က ပြောပါတယ်။


"ဒုံးကျည်ကောင်က သူ့ကိုယ်သူနဲ့ သူ့အစိုးရကို သေတွင်းထဲပို့နေတာပဲ၊ အမေရိကန်က မြောက်ကိုရီးယားကို ဖျက်ဆီးပစ်ဖို့ အဆင့်သင့်ပဲ၊ ဖျက်ဆီးပစ်ချင်ပြီး လုပ်နိုင်စွမ်းလည်းရှိတယ်၊ ဒါပေမဲ့ ဒီလိုလုပ်ဖို့ မလိုအပ်ဖို့ မျှော်လင့်ပါတယ်" လို့ ထရန့်က ဆိုပါတယ်။

အမေရိကန်သမ္မတ ထရန့်ရဲ့ ၄၂ မိနစ်ကြာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ ကြမ်းတမ်းတဲ့ စကားလုံးသုံးနှုန်းမှုတွေကြောင့် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

play
ဟိုက်ဒရိုဂျင်ဗုံးကို ကြည့်ရှုစစ်ဆေးနေသည့် ကင်မ်ဂျုံအန်


မြောက်ကိုရီးယားနိုင်ငံက စက်တင်ဘာ ၃ ရက်မှာ ၎င်းရဲ့ ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုအဖြစ် ဟိုက်ဒရိုဂျင်ဗုံးကို ဖောက်ခွဲစမ်းသပ်ခဲ့ရာ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားက ဂျပန်နိုင်ငံပေါ်မှ ဖြတ်ကျော်ပြီး ဒုံးကျည်ပစ်လွှတ်မှု နှစ်ကြိမ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ ၁၄ ရက်ကလည်း နျူကလီးယားလက်နက်သုံးပြီး ဂျပန်နိုင်ငံကို ပင်လယ်ထဲ နှစ်မြှုပ်ပစ်ကာ အမေရိကန်ကိုလည်း ပြာပုံဖြစ်ပြီး အမှောင်ကျသွားစေမယ်လို့ မြောက်ကိုရီးယားရဲ့အစိုးရဌာနတစ်ခုက ခြိမ်းခြောက်ခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video