AD
AD
AD

မက္ကစီကိုငလျင်ကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးမှု


မက္ကစီကိုနိုင်ငံမှာ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၂၀၀ ကျော်ရှိလာပြီလို့ သိရပါတယ်။ စက်တင်ဘာ ၁၉ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ခ်ျတာစကေး ၇.၁ အဆင့်ရှိ ငလျင်ကြီးကြောင့် အဆောက်အအုံ အများအပြား ပြိုကျပျက်စီးခဲ့ပါတယ်။

play


မက္ကစီကိုစီးတီးရှိ စာသင်ကျောင်းတစ်ကျောင်း ပြိုကျခဲ့မှုအတွင်း ကလေးငယ် ၂၀ ကျော် သေဆုံးခဲ့ပြီး အခြား ကလေးငယ် ၃၀ နဲ့ လူကြီး ၁၂ ဦး ပျောက်ဆုံးနေကြောင်း မက္ကစီကိုသမ္မတ အန်းနရစ် ပီနာနီတိုက ပြောပါတယ်။

\
မက္ကစီကိုနိုင်ငံ မက္ကစီကိုစီးတီးမှ ၇၅ မိုင်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ယနေ့ (စက်တင်ဘာ ၂၀ ရက်) အထိ လူ ၂၄၈ ဦးထက်မနည်း သေဆုံးကြောင်းနဲ့ ထက်ဝက်နီးပါးဟာ မက္ကစီကိုစီးတီးမှ ဖြစ်တယ်လို့ ဆိုပါတယ်။

play


ငလျင်ကြီး လှုပ်ခတ်မှုကြောင့် အဆောက်အအုံ ၁၀၀ ခန့် ပြိုကျခဲ့ပြီး မျိုးဆက်တစ်ခုအတွင်း မက္ကစီကိုမှာ ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ခဲ့ပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် မက္ကစီကိုစီးတီးမှာ အဆောက်အအုံပြိုကျမှု၊ လျှပ်စစ်ဓာတ်အားနဲ့ တယ်လီဖုန်းလိုင်းများ ပြတ်တောက်မှု၊ ဂက်စ်ပိုက်လိုင်းများ ပေါက်ကွဲထွက်ပြီး မီးလောင်မှုတွေလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

play


ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အအုံတွေမှာ ရှာဖွေကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်နေကြောင်းနဲ့ သေဆုံးသူအရေအတွက် တိုးမြင့်လာနိုင်ကြောင်း သိရပါတယ်။

စက်တင်ဘာ ၇ ရက်ကလည်း မက္ကစီကိုမှာ ရာစုနှစ်တစ်ခုအတွင်း အင်အား အပြင်းထန်ဆုံးဖြစ်တဲ့ ရစ်ခ်ျတာစကေး ၈.၂ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ လူ ၉၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

play


မက္ကစီကိုမှာ ၁၉၈၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်ကလည်း အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၁၀,၀၀၀ အထိ သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD