AD
AD
AD

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက လွှတ်တော်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲကို ပုံမှန်ထက် တစ်နှစ်စော ပြုလုပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

play


ကြာသပတေးနေ့ (စက်တင်ဘာ ၂၈ ရက်) မှာ လွှတ်တော်ကို ဖျက်သိမ်းသွားမယ်လို့ ဝန်ကြီးချုပ်အဘေးက ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာနေမှုကို တုံ့ပြန်ဆောင်ရွက်ရာမှာ ထောက်ခံမှု ပိုမိုရရှိစေရန်နဲ့ ညီညွတ်မှုရှိစေရန် ရည်ရွယ်ပြီး ရွေးကောက်ပွဲပြုလုပ်ရန် ဂျပန်ဝန်ကြီးချုပ်က ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။


ဂျပန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့မှု ၅ နှစ်ကြာပြီဖြစ်တဲ့ အဘေးက ရွေးကောက်ပွဲပြုလုပ်မယ့်ရက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေမဲ့ ဂျပန်သတင်းတွေကတော့ အောက်တိုဘာ ၂၂ ရက်မှာ လွှတ်တော်ရွေးကောက်ပွဲ ပြုလုပ်သွားမယ်လို့ ဖော်ပြကြပါတယ်။

"ခိုင်မာအားကောင်းတဲ့ ဦးဆောင်မှုကို ဖော်ဆောင်ပြီး နိုင်ငံရဲ့အကျပ်အတည်းကို ရှေ့ဆုံးကနေ ရင်ဆိုင်ဖြေရှင်းသွားဖို့ လက်တွေ့လုပ်ဆောင်သွားမှာပါ" လို့ ဂျပန်ဝန်ကြီးချုပ်အဘေးက သတင်းထောက်တွေကို ပြောပါတယ်။

play


ဂျပန်မှာ သက်ကြီးရွယ်အိုဦးရေ လျင်မြန်စွာ များပြားလာမှုနဲ့ မြောက်ကိုရီးယားအရေးတို့ကို နိုင်ငံရဲ့ အကျပ်အတည်းအဖြစ် အဘေးက ရည်ညွန်းခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက ယခုလပိုင်းအတွင်း ဂျပန်နိုင်ငံကိုဖြတ်ကျော်ကာ ဒုံးကျည် နှစ်ကြိမ်ပစ်လွှတ်ခဲ့ပြီး ဂျပန်ကို ပင်လယ်ထဲနှစ်မြှုပ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

လွှတ်တော်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲ ပြုလုပ်သွားမယ့် ကြေညာချက်နဲ့အတူ ပညာရေးနဲ့ လူမှုဖူလုံရေး ကဏ္ဍတွေအတွက် အသုံးစရိတ် ဂျပန်ယန်းငွေ ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၇.၈ ဘီလီယံ) သုံးစွဲသွားမယ်လို့လည်း ဝန်ကြီးချုပ်က ကြေညာခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD