AD
AD
AD

ခွဲစိတ်ကုသမှု မခံယူခဲ့စဉ်က ကမ္ဘာ့အဝဆုံး အမျိုးသမီးဖြစ်ခဲ့တဲ့ အီဂျစ်နိုင်ငံမှ အီမန် အာမက် အဗ္ဗဒူလ်လတ်တီ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

play
ကမ္ဘာ့အဝဆုံးဖြစ်ခဲ့တဲ့ အီဂျစ်သူ အီမန်


အီမန်ဟာ ယခုနှစ် အစောပိုင်းက အိန္ဒိယနိုင်ငံသို့သွားရောက်ကာ ကိုယ်အလေးချိန်လျှော့ချရန် ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ အိန္ဒိယသတင်းတွေရဲ့ အဆိုအရ ခွဲစိတ်ကုသပြီးနောက် အီမန်ရဲ့ ကိုယ်အလေးချိန်ကို ပေါင် ၆၆၀ ကျော် လျှော့ချနိုင်ခဲ့ကြောင်း သိရပါတယ်။


အီမန်ရဲ့ ကိုယ်အလေးချိန်ဟာ ခွဲစိတ်ကုသမှု မခံယူမီက ပေါင် ၁,၁၀၀ ရှိခဲ့တာ ဖြစ်ပါတယ်။ အီမန်ကို အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ Saifee ဆေးရုံမှာ ခွဲစိတ်ကုသခဲ့ပြီးနောက် သူမရဲ့ မိသားစုနဲ့ ဆေးရုံတာဝန်ရှိသူတွေကြား ကိုယ်အလေးချိန် အမှန်တစ်ကယ် လျှော့ချနိုင်ခဲ့ခြင်းရှိ မရှိ အငြင်းပွားမှုတွေလည်း ဖြစ်ခဲ့ပါတယ်။

play
အိန္ဒိယမှာ ခွဲစိတ်ကုသမှု ခံယူအပြီး တွေ့ရစဉ်


ထို့နောက် အီမန်ကို သူမရဲ့မိသားစုက အာရပ်စော်ဘွားများပြည်ထောင်စုသို့ ခေါ်ဆောင်သွားကာ ကိုယ်အလေးချိန်လျှော့ချရေး ခွဲစိတ်ကုသရန် စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၂၅ ရက်မှာတော့ အီမန် ကွယ်လွန်သွားပြီဖြစ်ကြောင်း ယူအေအီး ဆေးရုံက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ အီမန်ဟာ နှလုံးရောဂါနဲ့ ကျောက်ကပ် ပုံမှန်အလုပ်လုပ်ခြင်း မရှိတော့ဘဲ ကွယ်လွန်သွားခဲ့ကြောင်း ဆေးရုံရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

play
ခွဲစိတ်ကုသမှု မခံယူမီက အီမန်


ကမ္ဘာ့အဝဆုံး အမျိုးသမီးဖြစ်ခဲ့တဲ့ အီမန်ဟာ ယခုနှစ် မေလကတည်းက ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရှိ ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေခဲ့တာလည်း ဖြစ်ပါတယ်။ အီမန်ဟာ အီဂျစ်မှာရှိနေခဲ့စဉ်အတွင်း ဝလွန်းတာကြောင့် နေအိမ်ပြင်ပကို ၂၅ နှစ်ကြာ မထွက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အဝဆုံးအမျိုးသမီးဖြစ်ခဲ့တဲ့ အီမန်ဟာ မွေးကင်းစမှာကတည်းက ကိုယ်အလေးချိန် ၁၁ ပေါင်ရှိခဲ့ပြီး ဆက်လက် ဝဖြိုးလာခဲ့ကာ မိန်ကလေးငယ်အရွယ်မှာ လမ်းလျှောက်ရန်ပင် ခက်ခဲလာခဲ့ပါတယ်။

နောက်ပိုင်းမှာ လေဖြတ်သွားခဲ့ရာက အိပ်ရာထဲမှ မထနိုင်ဖြစ်သွားခဲ့ရာ ကိုယ်အလေးချိန် လျော့ကျအောင် မည်သို့မျှ လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘူးလို့ သူမရဲ့မိသားစုက ပြောပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD