ဆော်ဒီဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးများကို ကားမောင်းခွင့်ပိတ်ပင်ထားတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။

ဆော်ဒီအာရေဗီးယားဘုရင် ဆဲလ်မန်း ဘင်အဗ္ဗဒူလာဇစ်က အမျိုးသမီးများ ကားမောင်းခွင့်ပြုတဲ့ အမိန့်တစ်ရပ်ကို ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ကြောင်း အစိုးရသတင်းဌာနက ပြောပါတယ်။



ယခုအမိန့်နဲ့ပတ်သက်ပြီး အစိုးရဝန်ကြီးဌာနများ အနေနဲ့ ရက်ပေါင်း ၃၀ အတွင်း ပြင်ဆင်မှုများ ပြုလုပ်ရန်နဲ့ ၂၀၁၈ ခုနှစ် ဇွန်လနောက်ဆုံးထားပြီး ယခု အမိန့်ကို အကောင်အထည်ဖော်ရန် ညွှန်ကြားထားကြောင်း သိရပါတယ်။

ဆော်ဒီအာရေဗီးယားဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးများကို ကားမောင်းခွင့်ပိတ်ပင်ထားတဲ့ တစ်ခုတည်းသော နိုင်ငံလည်း ဖြစ်ပါတယ်။



ဆော်ဒီမှာ လက်ရှိ ဥပဒေအရ အမျိုးသားများကိုသာ ကားမောင်းလိုင်စင် ထုတ်ပေးခြင်းဖြစ်ပြီး အမျိုးသမီးများ ကားမောင်းခြင်းကို တွေ့ရှိပါက ဖမ်းဆီးဒဏ်ရိုက်ခံရကြောင်း သိရပါတယ်။

အဆိုပါ ဥပဒေကြောင့် ဆော်ဒီမိသားစုတွေဟာ မိသားစုဝင် အမျိုးသမီးများကို ပို့ဆောင်ပေးရန်အတွက် ယာဉ်မောင်းများ ခန့်ထားခဲ့ကြရပါတယ်။

See also:

ဆော်ဒီရှိ လူ့အခွင့်အရေးအုပ်စုတွေက အမျိုးသမီးတွေကို ကားမောင်းခွင့်ပေးရန် နှစ်အတန်ကြာ လှုံ့ဆော်တောင်းဆိုခဲ့ကြပြီး အမျိုးသမီးအချို့ဟာ ဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဘုရင့်အမိန့်အရ အမျိုးသားများနည်းတူ အမျိုးသမီးတွေကိုလည်း ယာဉ်မောင်းလိုင်စင် ထုတ်ပေးမှုအပါအဝင် ယာဉ်စည်ကမ်းထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသွားမယ်လို့ Saudi Press Agency (SPA) က ပြောပါတယ်။

ဆော်ဒီဘုရင် ဆဲလ်မန်း



ဆော်ဒီမှာ အမျိုးသမီးတွေကို ယာဉ်မောင်းနှင်ခွင့်ပြုလိုက်ခြင်းဟာ သမိုင်းဝင်လုပ်ရပ်ဖြစ်ပြီး သင့်လျော်တဲ့အချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်း ဖြစ်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ် မင်းသားခါလက်ဘင်ဆဲလ်မန်းက ဆိုပါတယ်။



ဘုရင့်အမိန့်အရ အမျိုးသမီးတွေဟာ ၎င်းတို့ကို အုပ်ထိန်းသူထံမှ ခွင့်ပြုချက်တောင်းခံရန်မလိုဘဲ ကားမောင်းလိုင်စင် ရယူနိုင်မှာဖြစ်ပြီး တစ်နိုင်ငံလုံးကို ကားမောင်းသွားနိုင်မယ်လို့ ဆော်ဒီသံအမတ်က ပြောပါတယ်။

Share

Loading Next Article...
က္က