AD
AD
AD

ထိုင်းနိုင်ငံတရားရုံးချုပ် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို တာဝန်ဝတ္တရားပေါ့လျော့မှုဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် မျက်ကွယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

play
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်


သြဂုတ် ၂၅ ရက်မှာ တရားရုံးအမိန့်ချမှတ်ရန် စီစဉ်ထားခဲ့ပေမဲ့ ထိုနေ့က ယင်လတ် ရောက်မလာခဲ့တာကြောင့် ယနေ့ (စက်တင်ဘာ ၂၇ ရက်) မှာ အမိန့်ချမှတ်ရန် ရက်ရွှေ့ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အသက် ၅၀ အရွယ် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ဟာ နိုင်ငံမှထွက်ပြေးသွားကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။


ယင်လတ် ရောက်ရှိနေတဲ့နိုင်ငံကို သိထားပေမဲ့ တရားရုံးအမိန့် ချမှတ်မပြီးမချင်း ထုတ်ဖော်ပြောကြားမှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုကိုချာက ပြောခဲ့ပါတယ်။

ယင်လတ်ရဲ့ရှေ့နေက ထိုင်းနိုင်ငံမှ ယင်လတ် ပျောက်သွားပြီးကတည်းက သူမနဲ့ စကားပြောခဲ့ခြင်း မရှိကြောင်း AFP သတင်းဌာနကို ပြောပါတယ်။ "သူက ပြီးခဲ့တဲ့လကတည်းက အဆက်အသွယ် မလုပ်တော့ပါဘူး" လို့ ယင်လတ်ရဲ့ရှေ့နေက ဆိုပါတယ်။

play


ယင်လတ်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်အတွင်း လယ်သမားများ အမတော်ကြေးကိစ္စကို ကိုင်တွယ်ဆောင်ရွက်ရာမှာ တာဝန်ဝတ္တရား ပေါ့လျော့မှုနဲ့ မှားယွင်းလုပ်ဆောင်ခဲ့မှုတို့အတွက် ပြစ်မှုမြောက်ကြောင်း တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

ယင်လတ်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်အတွင်း သူမကို ထောက်ခံမှုရရှိစေရန် လယ်သမားများထံမှ ဆန်များကို အမှန်တစ်ကယ်  ပေါက်ဈေးထက် ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးကာ ဝယ်ယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ယင်လတ်အစိုးရအဖွဲ့ကို ၂၀၁၄ ခုနှစ်က စစ်တပ် အာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။

play
လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုကိုချာ

 
တရားရုံးရဲ့ ပြစ်ဒဏ်ချမှတ်မှုကို တိမ်းရှောင်ခဲ့ပြီး ထိုင်းနိုင်ငံမှ ထွက်ပြေးသွားခဲ့တဲ့ ယင်လတ်ဟာ သူမရဲ့အစ်ကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှိနေတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ဒူဘိုင်းမြို့ကို ရောက်ရှိနေကြောင်း သတင်းထွက်ခဲ့ပါတယ်။

play


"ယင်လတ်က ကမ္ဘောဒီးယားကိုသွားတယ်၊ အဲဒီကနေ စင်ကာပူကို ဆက်သွားပါတယ်။ စင်ကာပူကနေ ဒူဘိုင်းကို ဆက်လက် ထွက်ခွာသွားပြီး အခုတော့ ဒူဘိုင်းမှာ ရှိနေပါတယ်" လို့ ဖူထိုင်းပါတီမှ အဖွဲ့ဝင်တစ်ဦးက သြဂုတ်လကုန်ပိုင်းမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ယင်လတ်ရဲ့အစ်ကို သက်ဆင်ဟာလည်း ၂၀၀၆ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှုဖြင့် ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချခံရပြီးနောက် တရားရုံးပြစ်ဒဏ်ချမှတ်မှုကို တိမ်းရှောင်ရန်အတွက် နိုင်ငံမှထွက်ပြေးနေခဲ့တာ ဖြစ်ပါတယ်။ သက်ဆင်ဟာ ဗြိတိန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးပမ်းခဲ့ပေမဲ့ မရရှိခဲ့ကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD