အသက် ၉၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပလေးဘွိုင်းမဂ္ဂဇင်းတည်ထောင်သူ မီလျံနာသူဌေးကြီး ဟုခ်ျဟက်ဖ်နာဟာ လော့ဆန်းဂျလိစ်၊ ဘာဗလီဟေးစ်မှာရှိတဲ့ ပလေးဘွိုင်းစံအိမ်ကြီးထဲမှာ သူချစ်တဲ့သူတွေရဲ့မျက်စိရှေ့မှာတင်ပဲ ကွယ်လွန်သွားခဲ့ပါပြီ။

play

 

စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ကမ္ဘာကျော် ပလေးဘွိုင်းသူဋ္ဌေးကြီးဟာ ၁၉၂၆ ခုနှစ် ဧပြီလ ၇ ရက်နေ့က ချီကာဂိုမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၅၃ ခုနှစ်မှာ အမျိုးသားကြိုက် ပလေးဘွိုင်းမဂ္ဂဇင်းကို ထုတ်လုပ်ပြီးတဲ့နောက် မီလျံနာတစ်ယောက် ဖြစ်လာခဲ့သူပါ။

စက်တင်ဘာလ ၂၇ ရက်နေ့ညမှာတော့ ပလေးဘွိုင်းရဲ့တွစ်တာအကောင့်ကနေ ဟုခ်ျရဲ့ နာရေးသတင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

"အမေရိကန်ရဲ့ နာမည်ကျော် ပုဂ္ဂိုလ်ကြီးနဲ့ ပလေးဘွိုင်းတည်ထောင်သူ Hugh M. Hefner ဟာ ဒီနေ့ ကွယ်လွန်သွားပါပြီ။ သူ့ရဲ့အသက်က ၉၁ နှစ်ပါ" လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

play

 

ပလေးဘွိုင်းအန်တာပရိုက်စ်ရဲ့ ဖန်တီးမှုအရာရှိချုပ်အဖြစ် တာဝန်ယူထားတဲ့ ဟက်ဖ်နာရဲ့သား ကော်ပါဟက်ဖ်နာကလည်း ဖခင်နဲ့ပတ်သက်ပြီး အခုလို ပြောခဲ့ပါတယ်။

"ကျွန်တော့်ရဲ့အဖေဟာ မီဒီယာနဲ့ ယဉ်ကျေးမှုတစ်ခုရဲ့ ရှေ့ဆောင်အဖြစ် ရှင်သန်ခဲ့သူဖြစ်ပါတယ်။ သူဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ပြည်သူ့အခွင့်အရေးနဲ့ လိင်လွတ်လပ်ခွင့်တို့မှာလည်း အထင်ရှားဆုံး လူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုအချို့ရဲ့နောက်မှာ ခေါင်းဆောင်ပြောကြားခဲ့သူတစ်ဦးလည်းဖြစ်ခဲ့တယ်။ သမိုင်းမှာ အမှတ်ထင်ထင်အရှိဆုံးနဲ့  ခံနိုင်ရည်အရှိဆုံး အရာတစ်ခုဖြစ်တဲ့ ပလေးဘွိုင်းတံဆိပ်ရဲ့ ဗဟိုချက်ဖြစ်တဲ့ ဟန်နဲ့ သီးခြားလက္ခဏာကို သူ သတ်မှတ်ပေးခဲ့တယ်။ သူ့ရဲ့ဇနီး ခရစ္စတယ်၊ ကျွန်တော့်ရဲ့ ညီမ ခရစ္စတင်း၊ ကျွန်တော့်ရဲ့ညီတွေဖြစ်တဲ့ ဒေးဗစ်နဲ့ မာစတွန် နဲ့ ပလေးဘွိုင်းအန်တာပရိုက်စ်က လူအားလုံးအပါအဝင် လူများစွာတို့က သူ့ကို အလွန်အမင်းလွမ်းဆွတ်သတိရနေမှာပါ" - ကော်ပါဟက်ဖ်နာ

ဟုခ်ျဟက်ဖ်နာ ကွယ်လွန်ကြောင်း သတင်းပြန့်သွားပြီးတဲ့နောက် ကင်မ်ကာဒါရှီယန်အပါအဝင် နာမည်ကျော်အများအပြားကလည်း ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။

play

 

Source : Daily Mail

 

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video