AD
AD
AD

အင်ဒိုနီးရှားနဲ့ ဗင်နွာတူနိုင်ငံတို့မှာ မီးတောင်ပေါက်ကွဲမှု အန္တရယ်ကြောင့် ဒေသခံများ နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲမှု အန္တရာယ်ကြောင့် ဒေသခံများ ရွှေ့ပြောင်းရ


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ နေထိုင်ကြတဲ့ ဒေသခံ ၁၂၂,၀၀၀ ကျော်ဟာ မီးတောင်တစ်လုံး အချိန်မရွေး ပေါက်ကွဲနိုင်မှုကြောင့် ၎င်းတို့ရဲ့နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။

play


ဘာလီကျွန်းရှိ Kuta အပန်းဖြေစခန်းမှ ၄၇ မိုင်အကွာမှာ တည်ရှိတဲ့ Agung မီးတောင်ဟာ သြဂုတ်လကတည်းက လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာခဲ့ပြီးနောက် ယခုအခါ ပေါက်ကွဲတော့မယ့် အခြေအနေဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ မီးတောင်ဟာ ၁၉၆၃ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ပေါက်ကွဲမယ့် အခြေအနေ ဖြစ်နေပါတယ်။


Agung မီးတောင် ပေါက်ကွဲမှုဟာ အင်ဒိုနီးရှားရဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်ကြောင်းလည်း တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။ Agung မီးတောင်ဟာ ၁၉၆၃ ခုနှစ်မှာ ပေါက်ကွဲခဲ့စဉ်က လူ ၁,၆၀၀ နီးပါး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

play
ဘာလီကျွန်းရှိ Angung မီးတောင် ညပိုင်းမြင်ကွင်း


မီးတောင်တည်ရှိရာအနီးမှ ဒေသခံ ၁၂၂,၄၉၀ ဟာ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြပြီး ယာယီခိုလှုံရေးနေရာ ၅၀၀ နီးပါးနဲ့ အခြား ဒေသရှိ ဆွေမျိုးသားချင်းများထံ သွားရောက်နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

မီးတောင်ပေါက်ကွဲကြောင့် ဒေသခံ ၆၂,၀၀၀ ခန့် အန္တရာယ်ရှိနိုင်ကြောင်းနဲ့ ရွှေ့ပြောင်းကြရန် အစိုးရက ညွှန်ကြားခဲ့ပေမဲ့ အန္တရယ်ဇုန်အတွင်း မဟုတ်တဲ့ ဒေသခံတွေဟာလည်း စိုးရိမ်မှုအရ နေအိမ်စွန့်ခွာခဲ့ကြတာ ဖြစ်ပါတယ်။

play


မီးတောင်ပေါက်ကွဲမှု အန္တရာယ်ကြောင့် ဒေသခံများအပြင် နွားကောင်ရေ ၁၀,၀၀၀ ကိုလည်း ရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။

Agung မီးတောင်ရဲ့ ၇ မိုင်ကျော်ပတ်လည်အတွင်း နွားကောင်ရေ ၃၀,၀၀၀ ထက်မနည်းရှိနေကြောင်းနဲ့ နောက်ထပ် နွားကောင်ရေ ၂၀,၀၀၀ ကို ရွှေ့ပြောင်းပေးရန် ဆောင်ရွက်နေကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

play
ဗင်နွာတူနိုင်ငံရှိ Manaro Voui မီးတောင် အခြေအနေ


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းအပြင် စပိဖိတ်ကျွန်းဆွယ် ဗင်နွာတူနိုင်ငံရှိ Ambae ကျွန်းမှာလည်း မီးတောင်ပေါက်ကွဲမှု အန္တရာယ်ရှိနိုင်တာကြောင့် ဒေသခံ လူ ၁၁,၀၀၀ ကို ရွှေ့ပြောင်းကြရန် အစိုးရက ယနေ့ (စက်တင်ဘာ ၂၈ ရက်) ညွန်ကြားခဲ့ကြောင်း သိရပါတယ်။

၂၀၀၅ ခုနှစ်က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ဖူးတဲ့ ဗင်နွာတူရှိ Manaro Voui မီးတောင်ဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြာမှုန်များထွက်ပေါ်နေခဲ့ရာ အာဏာပိုင်တွေက အရေးပေါ် အခြေအနေ ထုတ်ပြန်ထားခဲ့ပါတယ်။
Source & Photo: AFP, AP

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD