AD
AD
AD

တရုတ်နိုင်ငံအတွင်း ဖွင့်လှစ်လုပ်ကိုင်နေတဲ့ မြောက်ကိုရီးယား စီးပွားရေးလုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးထားပြီး ပိတ်သိမ်းကြရန် တရုတ်အစိုးရက ညွန်ကြားလိုက်ပါတယ်။

play
တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ မြောက်ကိုရီးယား စားသောက်ဆိုင်


မြောက်ကိုရီးယားက ၆ ကြိမ်မြောက် နျူကလီးယာစမ်းသပ်မှု ပြုလုပ်ခဲ့မှုအပေါ် ကုလသမဂ္ဂက အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့မှုအရ နိုင်ငံအတွင်းရှိ မြောက်ကိုရီးယား ကုမ္ပဏီတွေကို ပိတ်သိမ်းရန် ညွန်ကြားလိုက်ခြင်းဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ယနေ့ (စက်တင်ဘာ ၂၈ ရက်) ပြောပါတယ်။


ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ညွန်ကြားချက်အရ တရုတ်ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီများ အပါအဝင် မြောက်ကိုရီးယား ကုမ္ပဏီတွေဟာ ကုလသမဂ္ဂက အရေးယူပိတ်ဆို့မှု ချမှတ်ခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်မှ ရက်ပေါင်း ၁၂၀ အတွင်း ပိတ်သိမ်းရမယ်လို့ သိရပါတယ်။

play
မြောက်ကိုရီးယားက စမ်းသပ်ခဲ့တဲ့ ဟိုက်ဒရိုဂျင်ဗုံးကို ကင်မ်ဂျုံအန် ကြည့်ရှုစဉ်


ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုများအတိုင်း တရုတ်နိုင်ငံက ဆောင်ရွက်လာခြင်းဟာ မြောက်ကိုရီးယားအတွက် သိသာတဲ့ နစ်နာဆုံးရှုံးမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အဓိက ကုန်သွယ်ဖက်ဖြစ်ပြီး နိုင်ငံရဲ့ ကုန်သွယ်မှု ၉၀ ရာခိုင်နှုန်းကို တရုတ်နဲ့လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အမေရိကန်က တရုတ်အစိုးရ အနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်တွေကို ရပ်တန့်စေရန်အတွက် စီးပွားရေးအရ ဖိအားပေးဆောင်ရွက်ရန် တောင်းဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံက ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာလည်း မြောက်ကိုရီးယားထံမှ ကျောက်မီးသွေး၊ သံနဲ့ ပင်လယ်စာ တင်သွင်းမှုတွေကို ရပ်ဆိုင်းခဲ့ကြောင်းလည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD