AD
AD
AD

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဒီယားဘွန်းမြို့ရှိ နေ့ကလေးထိန်းစင်တာတစ်ခုမှာ လမ်းလျှောက်တတ်စ ကလေးတစ်ဦးက အခြား ကလေးနှစ်ဦးကို မတော်တဆ သေနတ်ဖြင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်မှာ လမ်းလျှောက်တတ်စ ကလေးငယ် မတော်တဆ ပစ်ခတ်မှုဖြစ်


ပစ်ခတ်ခံရတဲ့ ကလေးနှစ်ဦးဟာ ၃ နှစ်အရွယ်များ ဖြစ်ကြပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ သို့သော် ၎င်းတို့အခြေအနေဟာ တည်ငြိမ်နေကြောင်းလည်း သတင်းတွေက ပြောပါတယ်။ အချို့သတင်းတွေကတော့ ပစ်ခတ်မှုအတွင်း ကလေးတစ်ဦး သေဆုံးပြီး အခြား ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။

play

 
ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂၇ ရက်) ဒေသစံတော်ချိန် မနက် ၁ နာရီမှာ ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ကနဦး စုံစမ်းစစ်ဆေးမှုအရ လမ်းလျှောက်တတ်စ ကလေးဟာ ပစ္စတိုသေနတ်ကို ကိုင်တွယ်ခဲ့ရာက မတော်တဆ ကျဆန်ထွက်သွားခဲ့ကြောင်း ဒီယားဘွန်းမြို့ ရဲတပ်ဖွဲ့အကြီးအကဲ ရော်နယ်ဟတ်ဒက်က ဆိုပါတယ်။


မတော်တဆ ပစ်ခတ်မှုဖြစ်ပွားခဲ့ချိန်မှာ အဆိုပါ နေ့ကလေးထိန်းစင်တာအတွင်း အခြား ကလေးငယ်များလည်း ရှိနေခဲ့ကြောင်းနဲ့ ၎င်းတို့ကို ရဲစခန်းသို့ ရွှေ့ပြောင်းခဲ့ကာ မိဘများထံ အပ်နှံခဲ့တယ်လို့ သိရပါတယ်။။ ရဲတပ်ဖွဲ့က ပစ်ခတ်မှုကို ဆက်လက် စုံစမ်းစစ်ဆေးနေပြီး တစ်စုံတစ်ယောက်ကို ဖမ်းဆီးခြင်းမရှိသေးပါဘူး။

play


ယခုဖြစ်ရပ်ဟာ အမေရိကန်မှာ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ကလေးတစ်ဦးက မတော်တဆ ပစ်ခတ်မှုလည်း ဖြစ်လာပါတယ်။ မကြာသေးမီကလည်း မစ်ဆူရီပြည်နယ် စိန့်လူးဝစ်မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်က ဖခင်ဖြစ်သူကို သေနတ်ဖြင့် မတော်တဆ ပစ်ခတ်မိပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။

play
စိန့်လူးဝစ် ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ ဖခင်ဖြစ်သူ နိုဘယ်နဲ့ အသက် ၂ နှစ် ကလေးငယ်


စိန့်လူးဝစ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ အိပ်ပျော်နေတဲ့ ဖခင်ဖြစ်သူရဲ့ လည်ပင်းကို ကလေးငယ်က သေနတ်ဖြင့်ပစ်ခတ်ခဲ့မိတာ ဖြစ်ပါတယ်။ ထိုသို့ ပစ်ခတ်မှုဖြစ်ပွားစဉ် နေအိမ်မှာ လူကြီးများရှိမနေဘဲ အသက် ၁၃ နှစ်၊ ၁၀ နှစ်နဲ့ ၅ နှစ်အရွယ် ကလေး ၃ ဦး အတူရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ကလေးများက အိမ်နီးချင်းတွေကို အကူအညီတောင်းခဲ့ကြတာ ဖြစ်ပါတယ်။ လည်းပင်းကို သေနတ်ဖြင့် မတော်တဆ အပစ်ခံခဲ့ရတဲ့ ဒါရီယွန်နိုဘယ် အမည်ရှိ ဖခင်ဖြစ်သူဟာ နေရာမှာတင် သေဆုံးခဲ့ကြောင်း The St. Louis Post-Dispatch သတင်းစာက ဖော်ပြခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD