International News: ဗီယက်နမ်မှာ ရေကြီးမြေပြိုမှုတွေကြောင့် လူ ၃၇ ဦး သေဆုံး

ရှည်လျားတဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ တည်ရှိနေတဲ့ ဗီယက်နမ်ဟာ ပျက်စီးဆုံးရှုံးမှု ကြီးမားတဲ့ မုန်တိုင်းနဲ့ ရေကြီးမှုတွေ ကြုံတွေ့ရလေ့ရှိပါတယ်။

ဗီယက်နမ်နိုင်ငံမှာ အပူပိုင်းလေဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၃၇ ဦး သေဆုံးခဲ့ပါတယ်။

ဗီယက်နမ် ရေကြီးမှု


ယခုဖြစ်ရပ်ဟာ ဗီယက်နမ်မှာ ဖြစ်ပွားခဲ့သမျှ လူသေဆုံးမှုအများဆုံး ရေကြီးမှုတစ်ခုလည်း ဖြစ်လာခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဌာနက ယနေ့ (အောက်တိုဘာ ၁၂ ရက်) ပြောပါတယ်။ ရေကြီးမှုအတွင်း လူ ၄၀ ပျောက်ဆုံးနေကြောင်းနဲ့ အခြား လူ ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။

play


မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗီယက်နမ်မြောက်ပိုင်းနဲ့ အလယ်ပိုင်း နေရာအများစုမှာ မြေပြိုမှုနဲ့ ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။

"တစ်ရွာလုံး ညဘက်တွေဆို မအိပ်ခဲ့ကြရဘူး၊ ရေတွေတက်လာတာကို ဘယ်လိုမှ မတားဆီးနိုင်ဘူး၊ ဒါက နှစ်ပေါင်းများစွာမှာ အပြင်းထန်ဆုံပဲ" လို့ ဟိုအာဘင်ပြည်နယ် အနောက်မြောက်ပိုင်းရှိ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်ကို အစိုးရသတင်းဌာန Vietnam Television (VTV) က ဖော်ပြပါတယ်။

play


ဗီယက်နမ်ဟာ ပျက်စီးဆုံးရှုံးမှု ကြီးမားတဲ့ မုန်တိုင်းနဲ့ ရေကြီးမှုတွေ ကြုံတွေ့ရလေ့ရှိပါတယ်။ ယမန်နှစ်ကလည်း မုန်တိုင်းများကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ တနင်္လာနေ့ (အောက်တိုဘာ ၁၁ ရက်) မှစပြီး ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံအတွင်းရှိ ရေကာတာများမှ ရေလျှံကျမှု မဖြစ်စေရန် ရေများဖောက်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။


ဗီယက်နမ်းသတင်းတစ်ခုအရ အိမ်ထောင်စု ၁၇,၀၀၀ ကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းနဲ့ ရေကြီးမှုအတွင်း နေအိမ် ၂၀၀ ကျော် ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။ အခြား နေအိမ် ၁၈,၀၀၀ မှာလည်း ရေနစ်မြှုပ်မှု သို့မဟုတ် ပျက်စီးမှုများ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စပါးစိုက်ပျိုးတဲ့ မြေဧရိယာ ဟက်တာ ၈,၀၀၀ ကျော် ပျက်စီးခဲ့ပြီး ရေကြီးမှုအတွင်း ကျွဲနွားတိရိစ္ဆာန်ကောင်ရေ ၄၀,၀၀၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

play


ဗီယက်နမ်နိုင်ငံရဲ့ မိုင် ၂,၀၀၀ ကျော်ရှည်လျားတဲ့ ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနေပြီး မြေနိမ့်ပိုင်းတွေမှာ ရေကြီးမှုတွေ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားပါတယ်။

ဗီယက်နမ်ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရှိ နေရာဒေသ ၇ ခုမှာလည်း ရေကြီးမှုများ ဖြစ်နေပြီး စိုက်ပျိုးမြေဧရိယာ ဧက ၁.၂ သန်းကို သက်ရောက်မှုရှိနေကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ