International News: ဖိလစ်ပိုင် မူးယစ်စစ်ပွဲမှာ ရဲတပ်ဖွဲ့ပါဝင်မှု သမ္မတဒူတာတေး ရပ်ဆိုင်း

ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူသေဆုံးမှု များပြားလွန်းတဲ့ နှိမ်နင်းမှုတွေအပေါ် ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတဒူတာတေးက ၎င်းရဲ့မူးယစ်ဆေးဝါး နှိမ်နင်းမှုစစ်ဆင်ရေးမှာ ရဲတပ်ဖွဲ့ကို ဦးဆောင်ပါဝင်နေမှု ရုပ်သိမ်းလိုက်ပါတယ်။

play
သမ္မတဒူတာတေးနှင့် ဖိလစ်ပိုင်ရဲချုပ်


မူးယစ်စစ်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူသေဆုံးမှု များပြားလွန်းတဲ့ နှိမ်နင်းမှုတွေအပေါ် ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက် သမ္မတဒူတာတေးက ရဲတပ်ဖွဲ့ရဲ့ ဦးဆောင်လုပ်ပိုင်ခွင့်ကို ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့အစား ဖိလစ်ပိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေး အေဂျင်စီက မူးယစ်စစ်ပွဲကို ဦးဆောင်သွားမယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်မှာ ယမန်နှစ်အတွင်း ဒူတာတေး သမ္မတဖြစ်လာပြီးနောက် မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးများအတွင်း လူ ၃,၈၅၀ ကို ပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောထားပါတယ်။

play
ဖိလစ်ပိုင်ရဲတပ်ဖွဲ့ဝင်များ


ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း ရဲတပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးဝါးနှိမ်နင်းမှုမှာ ပါဝင်ဆောင်ရွက်ခြင်းအား သမ္မတဒူတာတေးက ဆိုင်းငံ့ထားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးနှိမ်နင်းရာမှာ အဂတိလိုက်စားမှုတွေ ရှိခဲ့ကြောင်း ဒူတာတေးက ပြောပါတယ်။

တောင်ကိုရီးယားလုပ်ငန်းရှင် တစ်ဦးကို မူးယစ်ဆေးဝါး တိုက်ဖ်ျကရေး ရဲတပ်ဖွဲ့ဝင်တွေက ပြန်ပေးဆွဲမှုဖြစ်ခဲ့ပြီးနောက် ဒူတာတေးက မူးယစ်စစ်ပွဲမှာ ရဲတပ်ဖွဲ့ဝင်တွေပါဝင်မှု ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။


ဒူတာတေးဟာ ယမန်နှစ်နွေရာသီက မူးယစ်ဆေးဝါး၊ ရာဇဝတ်မှုနဲ့ အဂတိလိုက်စားမှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းမယ်ဆိုတဲ့ ၎င်းရဲ့ဂတိပြုမှုနဲ့အတူ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

play
သမ္မတဒူတာတေးကို ကန့်ကွက်ဆန္ဒပြမှု

သမ္မတဖြစ်လာပြီးနောက် ဒူတာတေးရဲ့ မူးယစ်စစ်ပွဲ မူဝဒါတွေဟာ တရားဥပဒေကိုကျော်လွန် သတ်ဖြတ်မှုတွေ ဖြစ်စေခဲ့ကြောင်း ပြည်တွင်းနဲ့ နိုင်ငံတကာမှ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

စက်တင်ဘာလအတွင်း သမ္မတဒူတာတေးရဲ့ မူးယစ်စစ်ပွဲကို လူပေါင်းထောင်နဲ့ချီ ဝေဖန်ဆန္ဒပြခဲ့ကြသလို အခြား ထောင်နဲ့ချီတဲ့ ဒူတာတေးကို ထောက်ခံသူတွေကလည်း ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ