ဂျက်စင်ဒါဟာ လွန်ခဲ့တဲ့ ၃ လအတွင်းက အတိုက်အခံခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။



နယူးဇီလန်နိုင်ငံမှာ ဗဟိုလက်ဝဲဝါဒီ ညွန့်ပေါင်းအစိုးရကို လေဘာပါတီခေါင်းဆောင် ဂျက်စင်ဒါ အာဒန်းက ဦးဆောင်သွားမှာဖြစ်ပြီး သူမဟာ နိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာမယ်လို့ ဆိုပါတယ်။ အသက် ၃၇ နှစ်အရွယ် ဂျက်စင်ဒါဟာ လွန်ခဲ့တဲ့ ၃ လအတွင်းက အတိုက်အခံခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

နယူးဇီလန်ရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာမယ့် ဂျက်စင်ဒါ



ညွန့်ပေါင်းအစိုးရကို ဦးဆောင်သွားမယ့် သူမဟာ ၁၈၅၆ ခုနှစ်နောက်ပိုင်း နယူးဇီလန်ရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာမယ်လို့ သိရပါတယ်။

စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ဂျက်စင်ဒါရဲ့ လေဘာပါတီက ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အခြား ပါတီတွေက လိုအပ်တဲ့ လွှတ်တော်အမတ်နေရာတွေမှာ အနိုင်ရခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

New Zealand First ပါတီခေါင်းဆောင်



ယခုအခါ ဂျက်စင်ဒါရဲ့ လေဘာပါတီထက် ပိုမိုသေးငယ်တဲ့ New Zealand First ပါတီက ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းရန် သဘောတူညီခဲ့ပြီးနောက် သူမကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားရန် စီစဉ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပါတီနှစ်ခုရဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခြင်းကို Green ပါတီကလည်း ထောက်ခံခဲ့တယ်လို့ ဆိုပါတယ်။

See also:

ဂျက်စင်ဒါက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုနဲ့ နိုင်ငံရေးညှိနှိုင်းမှုမှာ အကောင်ဆုံး လုပ်ဆောင်နိုင်ကြောင်း သက်သေပြခဲံပြီး ဖြစ်ပေမဲ့ ယခုအခါ သူမအနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရမယ်လို့ သုံးသပ်ကြပါတယ်။

ဂျင်စင်ဒါအနေနဲ့ ရွေးကောက်ပွဲမှာ သူမရဲ့ပါတီကို မဲမပေးခဲ့ကြတဲ့ နယူးဇီလန် မဲဆန္ဒရှင်ပြည်သူတွေကို စည်းရုံးရေး ဦးစားပေးလုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အသက်အငယ်ဆုံး နိုင်ငံ့ခေါင်းဆောင် ဖြစ်လာမယ့် ကာ့ဇ်



သြစတြီးယားနိုင်ငံမှာလည်း People's Party ခေါင်းဆောင် အသက် ၃၁ နှစ်အရွယ် ဆီဗက်စတန်ကာ့ဇ်က သမ္မတဖြစ်လာဖို့ရှိနေပြီး ကမ္ဘာ့အသက်အငယ်ဆုံး သမ္မတတစ်ဦးအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။

ဂျက်စင်ဒါ အာဒန်းရဲ့ အချက်အလက်အချို့

  • ဆယ်ကျော်သက်အရွယ်ကတည်းက လက်ဝဲဝါဒီ နိုင်ငံရေးနယ်ပယ်မှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဗြိတိန်မှာ ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲရဲ့ မူဝါဒဆိုင်ရာ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။
  • ၂၀၀၈ ခုနှစ်က အသက် ၂၈ နှစ်အရွယ်ဖြင့် လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။
  • ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှာ လေဘာပါတီခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။
  • ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း သာတူညီမျှဖြစ်မှု၊ ဈေးနှုန်းသင့်တင့်တဲ့ နေအိမ်များဆောက်လုပ်မှု၊ ကျောင်းသားများကြွေးမြီကိစ္စရပ်တွေကို ဦးစားပေးဆောင်ရွက်မယ်လို့ ပြောဆိုခဲ့ပါတယ်။
  • အမျိုးသမီးဝါဒနဲ့ စိတ်ကျန်းမာရေးတို့နဲ့ ပတ်သက်ပြီး ထိန်းသိမ်းမှုမရှိဘဲ ပြေဆိုတတ်သူလို့ ဆိုပါတယ်။
  • Mormon ဘာသာရေးဂိုဏ်းဝင် ဖြစ်ခဲ့ဖူးပေမဲ့ လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို အဆိုပါဂိုဏ်းက လက်မခံတာကြောင့် နုတ်ထွက်သူ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က