AD
AD
AD

တက္ကဆက် ခရစ်ယာန်ဘုရားကျောင်း ပစ်ခတ်မှု


အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၂၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ သေနတ်သမားတစ်ဦးက ဘုရားကျောင်းမှာ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေစဉ် ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

play
ဘုရားကျောင်းအတွင်း ပစ်ခတ်ခဲ့သည့် ဒီဗင်ပက်ထရစ် ကယ်လီ


တက္ကဆက်ပြည်နယ် ဝီလ်ဆန်ကောင်တီ ဆူသာလန်း စပရင်းစ်မြို့ငယ်ရှိ First Baptist ဘုရားကျောင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဘုရားကျောင်းအတွင်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေအနက် အသက် အငယ်ဆုံး ၁၈ လအရွယ် ကလေးငယ်မှ ၇၂ နှစ်အရွယ် သက်ကြီးရွယ်အိုများ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

play
ပက်ထရစ်ရဲ့ကားကို စစ်ဆေးနေစဉ်


ဘုရားကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ သေနတ်သမားဟာ ဘုရားကျောင်းနဲ့ မိုင်အနည်းငယ်ကွာဝေးတဲ့ နေရာမှာ ၎င်းရဲ့ကားအတွင်း သေဆုံးခဲ့ပါတယ်။ ဘုရားကျောင်းအတွင်း ပစ်ခတ်ခဲ့တဲ့ သေနတ်သမားဟာ အသက် ၂၆ နှစ်အရွယ် ဒီဗင်ပက်ထရစ်ကယ်လီ အမည်ရှိ အိမ်ထောင်ရှင် ဖခင်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

play
သေနတ်သမားကို လိုက်လံဖမ်းဆီးခဲ့တဲ့ ဝီလီဖော့ဒ် (ဝဲဘက်) နှင့် လန်ဂျင်ဒေါ့ဖ်


ပက်ထရစ်ထံမှာ သေနတ် ၃ လက် တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ၎င်းက ပစ်ခတ်မှု မကျူးလွန်မီ လတ်တလော ရက်ပိုင်းအတွင်း AR-15 သေနတ်တစ်လက်ပုံကို Facebook မှာ တင်ခဲ့သေးပြီး ပုံစာအညွန်းကို 'She's a bad b***h' လို့ ရေးသားထားခဲ့ပါတယ်။


ပက်ထရစ်က အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး စစ်ဘက်သုံး ချေမှုန်းရေး ရိုင်ဖယ်သေနတ်တစ်လက်ဖြင့် ဘုရားကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သေနတ်သမား ပက်ထရစ်က ကားမောင်းထွက်ပြေးခဲ့ရာ ၎င်းရဲ့အနီးရှိနေတဲ့ စတီဖင် ဝီလီဖော့ဒ်နဲ့ ဂျွန်နီ လန်ဂျင်ဒေါ့ဖ်ဆိုသူတို့က လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

play
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ခရစ်ယာန် ဘုရားကျောင်း


ပက်ထရစ်က ကားကို အရှိန်မြှင့်မောင်းနှင်ရာမှ မထိန်းနိုင်ခဲ့ဖြစ်ကာ လမ်းဘေးထိုးဆင်းသွားခဲ့ပြီးနောက် ၎င်းကို ဝီလီဖော့ဒ်က အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း အတူလိုက်ပါခဲ့သူ လန်ဂျင်ဒေါ့ဖ်က ပြောပါတယ်။ နိုဝင်ဘာ ၅ ရက်၊ ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲခန့်မှာ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။

ဘုရားကျောင်းအတွင်း ပစ်ခတ်ခဲ့တဲ့ ပက်ထရစ်ဟာ ၎င်းရဲ့ ဇနီးနဲ့ကလေးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုကြောင့် ၂၀၁၄ ခုနှစ်မှာ အမေရိကန်လေတပ်မှ ထုတ်ပယ်ခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ပစ်ခတ်မှု မကျူးလွန်မီ ပက်ထရစ်ဟာ ၎င်းရဲ့ ယောက္ခမဖြစ်သူနဲ့ အချေအတင် စကားများခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD