AD
AD
AD

ဗီယက်နမ်မှာ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှု


ဗီယက်နမ်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၉ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ယနေ့ (နိုဝင်ဘာ ၆ ရက်) ပြောပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဒမ်ရေး (Typhoon Damrey) တိုက်ခတ်မှုကြောင့် အဆောက်အအုံ အမိုးများလွင့်ထွက်ခြင်း၊ သစ်ပင်များလဲပြိုခြင်းနဲ့ ဓာတ်တိုင်များ ကျိုးပျက်ခြင်းတို့ ဖြစ်ခဲ့ပါတယ်။

play


အာရှ-ပစိဖိတ်ဒေသမှ နိုင်ငံခေါင်းဆောင်းများ တက်ရောက်ကြမယ့် APEC ထိပ်သီးအစည်းအဝေး လက်ခံကျင်းပမယ့် ဗီယက်နမ်အလယ်ပိုင်းမှာ မုန်တိုင်းကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ APEC အစည်းအဝေး မတိုင်မီ ရက်ပိုင်းမျှအလိုမှာ မုန်တိုင်းတိုက်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။


နိုဝင်ဘာ ၆ ရက်အထိ ဗီယက်နမ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မတီက ထုတ်ပြန်မှုအရ တိုင်ဖွန်းဒမ်ရေး တိုက်ခတ်မှုအတွင်း လူ ၄၉ ဦး သေဆုံးခဲ့ပြီး အခြား ၂၇ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

မုန်တိုင်းကြောင့် နေအိမ် ၂,၀၀၀ နီးပါး ပြိုကျခဲ့ပြီး နေအိမ် ၈၀,၀၀၀ ကျော် ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့ကြောင်းလည်း ကော်မတီက ပြောပါတယ်။

play


ဗီယက်နမ် ဒေသအများအပြားမှာ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ လမ်းမများ ရေကြီးနေပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ တွေ့ကြုံနေရကြောင်းလည်း သိရပါတယ်။

တိုင်ဖွန်းဒမ်ရေးဟာ ကမ်းရိုးတန်းဒေသမှ ဗီယက်နမ်ရှိ ကော်ဖီစိုက်ခင်းများ အဓိက တည်ရှိတဲ့ဒေသကို ရွေ့လျားလာခဲ့ကြောင်း မိုးလေဝသဌာနက ပြောပါတယ်။

play


မုန်တိုင်းကြောင့် ကော်ဖီစိုက်ခင်းအချို့ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သို့သော် ကော်ဖီစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုဟာ အတန်အသင့်သာ ဖြစ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ကော်ဖီထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။

play


ပြီးခဲ့တဲ့ လအတွင်းကလည်း ဗီယက်နမ်မြောက်ပိုင်းမှာ ရေကြီးမှုတွေကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ လူဦးရေ သန်း ၉၀ ရှိပြီး ရှည်လျားတဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ တည်ရှိနေတဲ့ ဗီယက်နမ်ဟာ ပျက်စီးဆုံးရှုံးမှု ကြီးမားတဲ့ မုန်တိုင်းနဲ့ ရေကြီးမှုတွေ ကြုံတွေ့ရလေ့ရှိကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD