AD
AD
AD

စပိန်နိုင်ငံ ကတ်တလိုနီးယားဒေသ ခေါင်းဆောင်ဟောင်း ကားလက်စ် ပူဒီမောင့်နဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ၄ ဦးကို ဘယ်လ်ဂျီယံနိုင်ငံ တရာရေးဌာနက ခြွင်းချက်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

play
ကတ်တလိုနီးယားဒေသ ခေါင်းဆောင်ဟောင်း ကားလက်စ်


ကတ်တလိုနီးယား အစိုးရအဖွဲ့မှ ဖယ်ရှားခံခဲ့ရတဲ့ ကားလက်စ်နဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦးတို့ဟာ အဆိုပါဒေသကို စပိန်ဗဟိုအစိုးရက တိုက်ရိုက် ပြန်လည်အုပ်ချုပ်လာခဲ့ပြီးနောက် ဘယ်လ်ဂျီယံကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

ယမန်နေ့ (နိုဝင်ဘာ ၅ ရက်) မှာတော့ ၎င်းတို့က ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ထံ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း သိရပါတယ်။


ဘယ်လ်ဂျီယံတရားရုံးက ကားလက်စ်နဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ခွင့်ပြုချက်မရဘဲ နိုင်ငံမှထွက်ခွာခြင်း မပြုရန်နဲ့ တည်းခိုနေထိုင်တဲ့နေရာ အသေးစိတ် အချက်အလက်ကို အသိပေးရန် ညွှန်ကြားထားပါတယ်။

ကတ်တလိုနီးယားခေါင်းဆောင်ဟောင်း ကားလက်စ်က မျှတတဲ့ တရားစီရင်မှုအတွက် အာမခံချက်မရှိပါက စပိန်ကို ပြန်သွားမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။

play
ကားလက်စ်နှင့်အတူ ဘယ်လ်ဂျီယံမှာ ရောက်ရှိနေသူ ၄ ဦး


စပိန်အစိုးရက ကားလက်စ်နဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦးတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အား အကြည်ညိုပျက်စေမှု၊ ပြည်သူ့ရန်ပုံငွေများ အလွဲသုံးစားပြုမှု၊ ညွန်ကြားချက်မလိုက်နာမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှုတို့ဖြင့် စပိန်အစိုးရက အလိုရှိကြောင်း ဥရောပသမဂ္ဂဆိုင်ရာ ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။

ကတ်တလိုနီးယား ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ၉ ဦးကိုလည်း စပိန်အာဏာပိုင်တွေက မက်ဒရစ်မြို့မှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD