ချစ်သူကိုတွေ့နိုင်ရန်အတွက် ပြန်ပေးဆွဲခံရကြောင်း ဟန်ဆောင်လိမ်ညာခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ပြင်သစ်တရားရုံးက ဆိုင်းငံ့ထောင်ဒဏ် ၆ လ ချမှတ်လိုက်ကြောင်း သိရပါတယ်။

play
ဇူလိုင်လအတွင်းက စန်ဒီကို လိုက်လံရှာဖွေခဲ့စဉ်


စန်ဒီဂါလီယာ့ဒ် အမည်ရှိ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ပျောက်ဆုံးနေခဲ့စဉ် စစ်သား ၅၀ နဲ့ ရဟတ်ယာဉ်တစ်စီ အသုံးပြုကာ လိုက်လံရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။

စန်ဒီက ခင်ပွန်းဖြစ်သူနဲ့ ပြတ်စဲထားပြီး လက်ရှိချစ်သူ အမျိုးသားနဲ့ အတူနေခဲ့စဉ်အတွင်းမှာပင် နောက်ထပ် အမျိုးသားတစ်ဦးနဲ့ ဇာတ်လမ်းဖြစ်ခဲ့ပါတယ်။ အဆိုပါ တတိယအမျိုးသားကို တွေ့နိုင်ရန်အတွက် ပြန်ပေးဆွဲခံရကြောင်း စန်ဒီက လိမ်ညာခဲ့တာလည်း ဖြစ်ပါတယ်။


တရားရုံးက သူမကို ဆိုင်းငံ့ထောင်ဒဏ်အပြင် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၅,၈၀၀ ပေးဆောင်စေရန်နဲ့ စိတ်ရောဂါအထူးကုထံ သွားရောက်တွေ့ဆုံရန်လည်း ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ယခုနှစ် ဇူလိုင်လအတွင်း စန်ဒီက အတူနေ ချစ်သူအမျိုးသားထံ မက်ဆေ့ခ်ျပေးပို့ပြီး အနက်ရောင်ကားတစ်စီးရဲ့ နောက်ဖုံးအတွင်းမှာ သူမ ပြန်ပေးဆွဲဖမ်းဆီးခံထားရကြောင်း ပြောခဲ့ပါတယ်။ စန်ဒီရဲ့ချစ်သူက ထိုအကြောင်းကို ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပြီး သူမကို လိုက်လံရှာဖွေခဲ့ကြပါတယ်။

play


၂၄ နာရီကြာ လိုက်လံရှာဖွေပြီးနောက်မှာ စန်ဒီက ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ ပြန်ရောက်လာခဲ့ပါတယ်။ ပြန်ပေးသမားတွေကို သူမကို ပြန်လွှတ်ပေးလိုက်တယ်လို့ စန်ဒီက ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့က မေးမြန်းမှုတွေကို ဖြေကြားရာမှာ မတူညီတဲ့ ဖြေကြားမှုတွေကြောင့် သူမကို သံသယဝင်ခဲ့ကြပါတယ်။

ထို့နောက် ရဲတပ်ဖွဲ့က အသေးစိတ် စစ်ဆေးမေးမြန်းခဲ့ရာ စန်ဒီက သူမရဲ့ တတိယမြောက် ချစ်သူအမျိုးသားနဲ့ Le Puy-en-Velay မှာ သွားရောက်တွေ့ဆုံရန်အတွက် ပြန်ပေးဆွဲခံရကြောင်း ဇာတ်လမ်းဖန်တီးခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

ယခု ဟန်ဆောင်လိမ်ညာခဲ့မှုမှာ သူမရဲ့ ချစ်သူအသစ် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိဘူးလို့လည်း စန်ဒီက ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။

လက်ယာစွန်း နိုင်ငံရေးပါတီ National Party မှ တက်ကြွလှုပ်ရှားသူ တစ်ဦးလည်းဖြစ်တဲ့ စန်ဒီရဲ့အမှုကို ပြင်သစ်တောင်ပိုင်း မင်ဒီမြို့ တရားရုံးက စစ်ဆေးကြားနာပြီး အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video