AD
AD
AD

ထိုင်ဝမ် ဟော့ပေါ့ဆိုင်မှာ ဂက်စ်ယိုစိမ့်ပြီး ပေါက်ကွဲမီးလောင်မှုဖြစ်


ထိုင်ဝမ်ကျွန်း ချန်ဟွာကောင်တီရှီ ဟော့ပေါ့စားသောက်ဆိုင်တစ်ဆိုင်မှာ နိုဝင်ဘာ ၉ ရက်က ဂက်စ်ယိုစိမ့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် လူ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

play


CCTV မှတ်တမ်းဗီဒီယိုအရ ပေါက်ကွဲမှုမဖြစ်ခင် Bu Lao Guo ဟော့ပေါ့ဆိုင် ဝန်ထမ်းတစ်ဦးက စားပွဲတင်ဂက်စ်မီးဖိုးမှ ဂက်စ်ဘူးကို လဲလှယ်ရာမှာ အဆင်မပြေ ဖြစ်နေခဲ့တာ တွေ့ရပါတယ်။

စားသုံးသူအချို့က ဂက်စ်အနံ့ ထွက်ပေါ်လာမှုကို သတိပြုမိခဲ့ပြီးနောက် ဂက်စ်ဘူးလဲလှယ်နေတဲ့ စားပွဲမှာထိုင်နေသူတွေနဲ့ အခြား စားသုံးသူတွေက ၎င်းတို့ရဲ့ စားပွဲဝိုင်းများမှ ဝေးရာကို ရှောင်တိမ်းခဲ့ကြပါတယ်။

play


ဂက်စ်ယိုစိမ့်မှုဖြစ်တဲ့ စားပွဲဝိုင်းနဲ့ကပ်လျက် အခြားစားပွဲမှာရှိနေတဲ့ မိသားစုတစ်စုကတော့ ဂက်စ်ယိုစိမ့်မှုဖြစ်တဲ့ စားပွဲနဲ့ နံရံအကန့်တွေကြားမှာ ပိတ်မိနေခဲ့ပါတယ်။ ဂက်စ်အနံ့ ထွက်ပေါ်လာပြီး စက္ကန့်ပိုင်းအကြာမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

ဟော့ပေါ့ဆိုင်မှာ ဂက်စ်ယိုစိမ့်ပြီး မီးလောင်မှုကို မီးသတ်ကား ၅ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း ထိုင်ဝမ်သတင်းတွေက ပြောပါတယ်။


မီးသတ်တပ်ဖွဲ့ဝင်တွေက ဟော့ပေါ့ဆိုင် ပြတင်းပေါက်တွေကို ချိုးဖျက်ဝင်ရောက်ပြီး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဂက်စ်ယိုစိမ့်ရာမှ မီးလောင်မှုကြောင့် လူ ၇ ဦး မီးလောင်ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက် ၂ ဦးဟာ ခန္ဓာကိုယ်နေရာ အများအပြား မီးလောင်ခံခဲ့ရပါတယ်။

play


အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ခန္ဓာကိုယ်ရဲ့ ၂၆ ရာခိုင်နှုန်းမှာ မီးလောင်ခံခဲ့ရပြီး ၎င်းရဲ့သမီးဖြစ်သူမှာ ခန္ဓာကိုယ် ၂၀ ရာခိုင်နှုန်းနဲ့ ဇနီးဖြစ်သူက ခန္ဓာကိုယ်ရဲ့ ၁၀ ရာခိုင်နှုန်း မီးလောင်ခံခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD