နိုင်ငံရေးမတည်ငြိမ်မှုတွေ ပေါ်ပေါက်နေတဲ့ ဇင်ဘာဘွေနိုင်ငံမှာ စစ်တပ်က ဇင်ဘာဘွေအစိုးရ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာန ZBC ကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် အခြေအနေ ပိုမိုရှုပ်ထွေးလာကြောင်း သိရပါတယ်။

play
ဇင်ဘာဘွေမြို့တော်မှာ စစ်တပ်က အသင့် နေရာယူထားစဉ်


ဇင်ဘာဘွေမြို့တော် ဟာရာရီ (Harare) မှာ ပေါက်ကွဲသံများ ကြားခဲ့ရပေမဲ့ မည်သည့်ပေါက်ကွဲမှုဖြစ်ကြောင်း မသိရဘူးလို့ ဆိုပါတယ်။ အစောပိုင်းက တောင်အာဖရိမှာ ရောက်ရှိနေတဲ့ ဇင်ဘာဘွေ သံအမတ်က အာဏာသိမ်းမှု မဖြစ်နိုင်ကြောင်း ငြင်းဆိုထားခဲ့ပါတယ်။

play
ဇင်ဘာဘွေစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ကွန်စတန်တီနို ချီဝမ်ဂါ


ဇင်ဘာဘွေသမ္မတ မူဂါဘီရဲ့ အာဏာရပါတီက စစ်တပ်အကြီးအကဲဟာ နိုင်ငံတော်သစ္စာဖောက်ရန် ကြံစည်နေကြောင်း စွပ်စွဲပြောကြားခဲ့ပြီးနောက် ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနကို စစ်တပ်က ဝင်ရောက်သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဇင်ဘာဘွေစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ကွန်စတန်တီနို ချီဝမ်ဂါက နိုင်ငံရေးအကျပ်အတည်းမှာ စစ်တပ်က ကြားဝင်နိုင်ဖွယ်ရှိကြောင်း အစောပိုင်းက သတိပေးထားခဲ့ပါတယ်။

play
သမ္မတမူဂါဘီနှင့် ဇနီးဖြစ်သူ ဂရေ့စ်


သမ္မတမူဂါဘီက ဒုတိယသမ္မတကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး ကွန်စတန်တီနိုက နိုင်ငံရေးမှာ စစ်တပ်ကြားဝင်နိုင်ကြောင်း သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယသမ္မတကို ထုတ်ပယ်လိုက်ပြီးနောက် မူဂါဘီက ၎င်းရဲ့သမ္မတရာထူးကို အသက် ၅၂ နှစ်အရွယ် ဇနီးဖြစ်သူ ဂရေ့စ်မူဂါဘီအား ဆက်ခံစေရန် ရည်ရွယ်ခဲ့ရာမှ နိုင်ငံရေးတင်းမာမှုတွေ ပေါ်ပေါလာခဲ့ကြောင်း သုံးသပ်ကြပါတယ်။

ဇင်ဘာဘေစစ်တပ် အနေနဲ့ သမ္မတမူဂါဘီရဲ့ ဇန်နူး-ပီအက်ဖ် (Zanu-PF) ပါတီတွင်း ရှင်းလင်းဖယ်ရှားမှုတွေ ပြုလုပ်သွားရန် အသင့်ပြင်ဆင်ထားကြောင်းလည်း ဗိုလ်ချုပ်ကြီးက ပြောထားပါတယ်။


ဇင်ဘာဘွေ လမ်းမများပေါ်မှာ လက်နက်တပ်ဆင်ထားတဲ့ စစ်ကားများ နေရာယူလာခဲ့ပြီးနောက် အင်္ဂါနေ့ (နိုဝင်ဘာ ၁၄ ရက်) မှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

ZBC ဝန်ထမ်းအချို့ကို စစ်သားတွေက အတင်းအကျပ် ဖယ်ရှားခဲ့ပြီး ရုံးခန်းတွေကို သိမ်းပိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက Reuters သတင်းဌာနကို ပြောပါတယ်။

play
ဇင်ဘာဘွေမြို့တော်မှာ တွေ့ရသည့် စစ်တပ်ကားများ


ဝန်ထမ်းတွေကို မစိုးရိမ်ကြရန်နဲ့ စစ်တပ်အနေနဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနကို ကာကွယ်စောင့်ရှောက်ရန်သာ ဖြစ်တယ်လို့ စစ်ဘက်တာဝန်ရှိသူတွေက ဆိုပါတယ်။

လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး အသက် ၉၃ နှစ်အရွယ် ဇင်ဘာဘွေသမ္မတ မူဂါဘီ သို့မဟုတ် ၎င်းရဲ့ကိုယ်စားလှယ်များထံမှ တစ်စုံတရာ ပြေကြားမှု မရှိသေးကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video