AD
AD
AD

ဂျပန်နိုင်ငံ တိုကျိုမြို့ ရထားစီမံခန့်ခွဲရေး ကုမ္ပဏီတစ်ခုက ၎င်းတို့ဝန်ဆောင်မှုပေးနေတဲ့ ရထားတစ်စင်း ထွက်ခွာချိန် စက္ကန့်ပိုင်းလွဲချော်ခဲ့မှုအတွက် တရားဝင် တောင်းပန်စာထုတ်ပြန်ပြီး ခရီးသည်တွေကို တောင်းပန်ခဲ့ပါတယ်။

play


ဂျပန်မြောက်ပိုင်းကို ပြေးဆွဲနေတဲ့ Tsukuba Express ရထားလိုင်းမှ ရထားတစ်စင်းဟာ နိုဝင်ဘာ ၁၄ ရက်က တိုကျိုမြို့ရှိ ဘူတာရုံမှ မနက် ၉ နာရီ ၄၄ မိနစ်မှာ ထွက်ခွာရမယ့်အစား ၉ နာရီ ၄၃ မိနစ်နဲ့ စက္ကန့် ၄၀ မှာ ထွက်ခွာခဲ့မိတာ ဖြစ်ပါတယ်။

ရထားထွက်ခွာချိန် စက္ကန့် ၂၀ စောသွားခဲ့မှုအပေါ် Tsukuba Express က ခရီးသည်တွေကို တရားဝင် တောင်းပန်စာထုတ်ပြန်ပြီး တောင်းပန်ခဲ့ကြောင်း Japan Today သတင်းက ဖော်ပြပါတယ်။


ရထားထွက်ချိန် စက္ကန့် ၂၀ စောသွားခဲ့မှုအပေါ် မည်သည့် ခရီးသည်ကမျှ တိုင်ကြားမှုမရှိခဲ့ပေမဲ့ ကုမ္ပဏီက အဆိုပါနေ့ နှောင်းပိုင်းမှာပင် တောင်းပန်စာထုတ်ခဲ့ကြောင်း သိရပါတယ်။

"ကျွန်တော်တို့ရဲ့ ရထားဝန်ဆောင်မှု အဆင်မပြေတဲ့အတွက် ခရီးသည်တွေကို အလေးအနက် တောင်းပန်းပါတယ်" လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

play


ရထားဝန်ထမ်းက ရထား စတင်ထွက်ခွာရန် ပြင်ဆင်ချိန်မှာ ထွက်ခွာချိန်သတ်မှတ်မှုကို မစစ်ဆေးခဲ့မိကြောင်းလည်း ကုမ္ပဏီက ပြောထားပါတယ်။

Tsukluba Express ရထားလိုင်းဟာ တိုကျိုရှီ အကီဟာဘာရာနဲ့ ဆူကူဘာအိုင်ဘာရာကီ စီရင်စုတို့ကြား ရထားခရီးစဉ်များ ပြေးဆွဲနေတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ရထားဝန်ဆောင်မှုတွေဟာ အချိန်တိကျမှန်ကန်မှုကြောင့် ကျော်ကြားပါတယ်။

play


ရထားစီးနင်းသူတွေဟာ ရထားထွက်ခွာချိန်၊ ဆိုက်ရောက်ချိန် တိကျမှန်ကန်မှုကြောင့် ၎င်းတို့သွားလိုတဲ့နေရာတွေကို အချိန်အတိအကျ တွက်ချက်သွားလာနိုင်ကြတယ်လို့ Japan Today က ပြောပါတယ်။

ယခုကဲ့သို့ ရထားထွက်ခွာချိန် စက္ကန့် ၂၀ မျှ စောသွားခြင်းက ခရီးသည်အချို့အတွက် ကြိုတင်စီစဉ်ထားတဲ့ ရထားထွက်ချိန်ကို မမီလိုက်နိုင်တာကြောင့် အလုပ်နောက်ကျခြင်းနဲ့ ချိန်ဆိုးထားမှု နောက်ကျခြင်းတို့ ဖြစ်စေနိုင်ကြောင်းလည်း Japan Today သတင်းက ဖော်ပြထားပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD