AD
AD
AD

ဇင်ဘာဘွေနိုင်ငံကို စစ်တပ်က ထိန်းချုပ်ထားမှု


နိုင်ငံရေးအကျပ်အတည်း ဖြစ်ပေါ်နေတဲ့ ဇင်ဘာဘွေနိုင်ငံမှာ သမ္မတမူဂါဘီက စစ်ဘက်ခေါင်းဆောင်တွေနဲ့ နိုဝင်ဘာ ၁၆ ရက်မှာ တွေ့ဆုံဆွေးနွေးမှုအတွင်း ရာထူးမှ ချက်ချင်း နုတ်ထွက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံး သမ္မတဖြစ်တဲ့ ၉၃ နှစ်အရွယ် မူဂါဘီနဲ့ ဗိုလ်ချုပ်ကြီးတွေဟာ ဇင်ဘာဘွေကို စစ်တပ်က ထိန်းချုပ်လိုက်ပြီး နောက်တစ်ရက်မှာ တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

play
သမ္မတမူဂါဘီနှင့် စစ်ဘက်အကြီးအကဲ ဗိုလ်ချုပ်ကြီးကို တွေ့ရစဉ်


သမ္မတမူဂါဘီနဲ့ စစ်တပ်အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှု ရလဒ်ကို တရားဝင် ထုတ်ပြန်ခဲ့ခြင်း မရှိပေမဲ့ သတင်းရင်းမြစ်တွေအရ မူဂါဘီက သမ္မတအဖြစ်မှ နုတ်ထွက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ အတိုက်အခံခေါင်းဆောင် မော်ဂန်ကတော့ လူထုဆန္ဒအတိုင်း မူဂါဘီကို သမ္မတအဖြစ်မှ ချက်ချင်း နုတ်ထွက်ပေးရန် ပြောခဲ့ပါတယ်။

play
မူဂါဘီနှင့် စစ်ဘက်အကြီးအကဲတို့ကို အတူတွေ့ရစဉ်


ဇင်ဘာဘွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မူဂါဘီက ဒုတိယသမ္မတ အမ်မာဆန် အမ်နန်ဂါဝါကို ရားထူးမှထုတ်ပယ်လိုက်ပြီး ၎င်းရဲ့ဇနီးဖြစ်သူ ဂရေ့စ်ကို သမ္မတနေရာဆက်ခံရန် စီစဉ်လာခဲ့ရာမှ နိုင်ငံရေးတင်းမာမှုတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

play
မူဂါဘီနှင့် စစ်တပ်အကြီးအကဲတို့ တွေ့ဆုံဆွေးနွေစဉ်


သမ္မတမူဂါဘီက ဒုတိယသမ္မတကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ဇင်ဘာဘွေစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ကွန်စတန်တီနိုက နိုင်ငံရေးမှာ စစ်တပ်ကြားဝင်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။

ထို့နောက် နိုဝင်ဘာ ၁၅ ရက်မှာ စစ်တပ်က ဇင်ဘာဘွေအစိုးရ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနကို သိမ်းပိုက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကို ပစ်မှတ်ထား ဖော်ထုတ်ရှင်း လင်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။


ထိုနေ့မှာပင် ဇင်ဘာဘွေစစ်တပ်က နိုင်ငံကို ထိန်းချုပ်လိုက်ပြီး သမ္မတမူဂါဘီကိုလည်း နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။ သို့သော် စစ်တပ်က အာဏာသိမ်းကြောင်း ရည်ညွန်းပြောဆိုမှုတွေကို ငြင်းဆိုခဲ့ပါတယ်။

play
သမ္မတမူဂါဘီ နေအိမ်


မူဂါဘီက ၎င်းရဲ့နေရာကို ဆက်ခံစေရန် ရည်ရွယ်ခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် ဇနီးဖြစ်သူ ဂရေ့စ်မူဂါဘီမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ပေါ်ပေါက်လာခဲ့ပြီးနောက် နမီးဘီးယားနိုင်ငံကို ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

play
ဇင်ဘာဘွေမြို့တော်မှာ စစ်တပ်က နေရာယူထားစဉ်


အသက် ၉၃ နှစ်အရွယ် မူဂါဘီဟာ ၁၉၈၀ ပြည့်နှစ်မှာ ဗြိတိန်လက်အောက်မှ ဇင်ဘာဘွေ လွတ်လပ်ရေးရပြီးကတည်းက ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့ကြောင်း သိရပါတယ်။

play
ဇင်ဘာဘွေသမ္မတ မူဂါဘီနှင့် ဇနီး

 

ဇင်ဘာဘွေသမ္မတ မူဂါဘီရဲ့ အရေးပါတဲ့ ခုနှစ်များ

  • ၁၉၈၀ - ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရပြီးနောက် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ မူဂါဘီက ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
  • ၁၉၈၂ - မာတာဘီလီလန်းမှာ ဆူပူအုံကြွမှု ဖြစ်ပေါ်လာနိုင်ခြေရှိမှုကို စစ်တပ်ဖြင့် နှိမ်နင်းခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်အတွင်း ဇင်ဘာဘွေအစိုးရက အရပ်သား ထောင်နဲ့ချီပြီး သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။
  • ၁၉၈၇ - မူဂါဘီက ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးနောက် ဇင်ဘာဘွေသမ္မတ ဖြစ်လာပါတယ်။
  • ၁၉၉၄ - မူဂါဘီကို ဗြိတိသျှ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။
  • ၂၀၀၀ - ဇင်ဘာဘွေမှာ လူဖြူတွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို သိမ်းဆည်းမှုတွေ ပြုလုပ်လာပါတယ်။ အနောက်အုပ်စုက အကူအညီပေးမှုများ ဖြတ်တောက်ခဲ့ပါတယ်။
  • ၂၀၀၅ - ဇင်ဘာဘွေဟာ ဆိုးသွမ်းတဲ့အစိုးရ အုပ်ချုပ်နေတဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန်က ပြောခဲ့ပါတယ်။
  • ၂၀၀၈ - သမ္မတရွေးကောက်ပွဲအပြီးမှာ မူဂါဘီနဲ့ အတိုက်အခံ သမ္မတလောင်း မော်ဂန်တို့ အာဏာခွဲဝေအုပ်ချုပ်ရန် သဘောတူညီခဲ့ပါတယ်။ ဗြိတိန်ဘုရင်မကြီးက မူဂါဘီကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
  • ၂၀၁၁ - အတိုက်အခံဖြစ်သူ ဝန်ကြီးချုပ်မော်ဂန်က အာဏာခွဲဝေအုပ်ချုပ်မှု မအောင်မြင်ကြောင်း ကြေညာခဲ့ပြီး ဇင်ဘာဘွေမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
  • ၂၀၁၃ - မူဂါဘီက သမ္မတသက်တမ်း ၇ ဆက်မြောက်အဖြစ် ရွေးကောက်ပွဲ အနိုင်ရခဲ့ပါတယ်။ အတိုက်အခံတွေက ရွေးကောက်ပွဲမှာ လိမ်လည်မှုတွေ ရှိခဲ့ကြောင်း ပြောခဲ့ပါတယ်။
  • ၂၀၁၆ - #ThisFlag ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီး မူဂါဘီကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြပြီး အာဏာရှင်အဖြစ် သတ်မှတ်ပြောဆိုခဲ့ကြပါတယ်။
  • ၂၀၁၇ - အသက် ၉၃ နှစ်အရွယ် မူဂါဘီက ၂၀၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။
  • ၂၀၁၇၊ နိုဝင်ဘာ ၆ - မူဂါဘီက ဒုတိယသမ္မတ အမ်မာဆန် အမ်နန်ဂါဝါကို ရာထူးမှထုတ်ပယ်ခဲ့ပါတယ်။ မူဂါဘီရဲ့ဇနီး ဂရေ့စ်မူဂါဘီကို ဒုတိယသမ္မတအဖြစ် တွေ့မြင်လာရပြီး ၎င်းရဲ့နေရာကို ဆက်ခံစေရန် မူဂါဘီက စီစဉ်လာခဲ့တယ်လို့ ဆိုပါတယ်။
  • ၂၀၁၇၊ နိုဝင်ဘာ ၁၅ - ဇင်ဘာဘွေစစ်တပ်က နိုင်ငံကိုထိန်းချုပ်လိုက်ပြီး သမ္မတမူဂါဘီကို နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတယ်။
Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD