ပြင်သစ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက လူသုံးဦးကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ပစ်ခတ်အဆုံးစီရင်သွားခဲ့ကြောင်း အာဏာပိုင်တွေက နိုဝင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။

play


အသက် ၃၁ နှစ်အရွယ် ရဲတပ်ဖွဲ့အရာရှိ အာနော့ဒ်မာတင်က စနေနေ့ (နိုဝင်ဘာ ၁၈ ရက်) ညပိုင်း တာဝန်ချိန်အပြီးမှာ ပါရီမြို့ဆင်ခြေဖုံးရှိ ဆာဆဲလက်စ်မှာ ၎င်းရဲ့ချစ်သူ အမျိုးသမီးနဲ့ တွေ့ဆုံရန် သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းတို့နှစ်ဦး လမ်းခွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားပြောရန် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။


ထိုသို့ တွေ့ဆုံစကားပြောနေစဉ် အချေအတင် စကားများခဲ့ကြရာ မာတင်က အမျိုးသမီးရဲ့မျက်နှာကို သေနတ်ဖြင့်ပစ်ခဲ့ပြီး ဝင်ရောက်ဟန့်တားရန် ကြိုးပမ်းခဲ့တဲ့ အသက် ၃၀ နဲ့ ၄၄ နှစ်အရွယ် အမျိုးသားနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။ မာတင်ရဲ့ချစ်သူမှာ သေနတ်ဒဏ်ရာရခဲ့ပြီး အသက်ရှင်ခဲ့ပါတယ်။

ထို့နောက် မာတင်က အခင်းဖြစ်နေရာနဲ့ ကိုက်အနည်းငယ်အကွာရှိ ၎င်းရဲ့ချစ်သူနေအိမ်ကို ဆက်လက် သွားရောက်ခဲ့ပြီး ချစ်သူရဲ့ဖခင်ကို ပစ်သတ်ခဲ့ပါတယ်။ ဒါ့အပြင် မာတင်က ၎င်းချစ်သူရဲ မိခင်နဲ့ ညီအစ်မတော်စပ်သူတို့ကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ မိခင်ဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။

play


မာတင်က ၎င်းရဲ့ချစ်သူနေအိမ်မှာ မွေးထားတဲ့ ခွေးကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုကျူးလွန်ပြီးနောက် မာတင်က ၎င်းရဲ့ဦးခေါင်းကို သေနတ်ဖြင့်ပစ်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

သေနတ်ဒဏ်ရာရခဲ့တဲ့ မာတင်ရဲ့ချစ်သူမှာ အခြေအနေ တည်ငြိမ်နေပြီး သူမရဲ့မိခင်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြစ်ကြောင်း သိရပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲအရာရှိ မာတင်က ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ရန် ကြိုတင်ကြံရွယ်ခဲ့ခြင်းရှိ မရှိ စုံစမ်းစစ်ဆေးနေကြောင်းနဲ့ လက်ရှိအချိန်ထိ အထောက်အထားတွေအရ ကြိုတင်ကြံရွယ်ခံပုံမရှိဘူးလို့ ဆိုပါတယ်။

မာတင်ရဲ့ဖြစ်ရပ်က ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း သိသာစွာမြင့်တက်နေမှုကို အဖြေရှာနေရတဲ့ ပြင်သစ်ရဲတပ်ဖွဲ့အတွက် ဖိအားပိုမိုဖြစ်စေကြောင်း သတင်းတွေက သုံးသပ်ကြပါတယ်။

စာရင်းတွေအရ ယခုနှစ်အတွင်း ပြင်သစ်ရဲတပ်ဖွဲ့မှ အရာရှိ ၄၅ ဦး အပါအဝင် စုစုပေါင်း ၆၁ ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video