အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားကို အကြမ်းဖက်ဝါဒ အားပေးထောက်ခံတဲ့ နိုင်ငံအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားကို အကြမ်းဖက်ဝါဒကို အားပေးထောက်ခံတဲ့ နိုင်ငံအဖြစ် ထရန့် ကြေညာ


အမေရိကန်က မြောက်ကိုရီးယားကို ထိုကဲ့သို့သော နိုင်ငံစာရင်းမှ ၉ နှစ်ကြာ ဖယ်ထုတ်ထားခဲ့ပြီးနောက် ထရန့်အစိုးရလက်ထက်မှာ ပြန်လည်သတ်မှတ် ထည့်သွင်းလိုက်တာလည်း ဖြစ်ပါတယ်။

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံကို အကြမ်းဖက်ဝါဒ အားပေးထောက်ခံတဲ့ အမေရိကန်ရဲ့ ရန်သူစာရင်းဝင် နိုင်ငံအဖြစ် သမ္မတထရန့်က တနင်္လာနေ့ (နိုဝင်ဘာ ၂၀ ရက်) မှာ ကြေညာခဲ့ပါတယ်။

play
အစိုးရအဖွဲ့ အစည်းအဝေးမှာ တွေ့ရသည့် သမ္မတထရန့်


"ဟိုအရင်ကတည်းက ဒီလို သတ်မှတ်ခဲ့သင့်တာ၊ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဒီလို သတ်မှတ်သင့်ခဲ့တာ" လို့လည်း ထရန့်က အမေရိကန်အစိုးရအဖွဲ့ အစည်းအဝေးမှာ ကြေညာခဲ့စဉ် ထည့်သွင်းပြောကြားပါတယ်။

မြောက်ကိုရီးယားကို အကြမ်းဖက်ဝါဒ အားပေးထောက်ခံတဲ့ နိုင်ငံအဖြစ် သတ်မှတ်ကြေညာလိုက်ပြီးနောက် ယနေ့ (နိုဝင်ဘာ ၂၁ ရက်) ထိုနိုင်ငံအပေါ် အလွန်ကြီးမားကျယ်ပြန့်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ချမှတ်ကြောင်း ကြေညာသွားမယ်လို့လည်း သိရပါတယ်။


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တီလာဆန်ကတော့ ယခုဆောင်ရွက်မှုရဲ လက်တွေ့ သက်ရောက်မှုဟာ အကန့်အသတ်ရှိနိုင်ကြောင်း ပြောခဲ့ပါတယ်။ ထရန့်က မြောက်ကိုရီယားရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ နိုင်ငံတကာ အကြမ်းဖက်မှုတွေကို အားပေးထောက်ခံနေခြင်းကို အပြစ်ဖို့ပြောဆိုခဲ့ပါတယ်။

play
ဟိုက်ဒရိုဂျင်ဗုံးကို စစ်ဆေးကြည့်ရှုနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်


ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ကန့်ကွက်မှုတွေနဲ့အတူ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဆောင်ရွက်ခဲ့ပေမဲ့လည်း မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်မှု၊ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုတွေကို အစဉ်တစိုက် လုပ်ဆောင်နေခဲ့ပါတယ်။

ယခု ရက်ပိုင်းအတွင်း မြောက်ကိုရီးယား စောင့်ကြည့်အဖွဲ့ရဲ့ 38 North ဝက်ဘ်ဆိုက်က ထုတ်ပြန်လိုက်တဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရလည်း ကင်မ်ဂျုံအန်အစိုးရက တာဝေးပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်တဲ့ ရေငုပ်သင်္ဘောတစ်စင်း တည်ဆောက်နေဖွယ်ရှိကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video