AD
AD
AD
play
ယာဉ်တိုက်မှုအတွင်း သေဆုံးခဲ့သည့် ဂျပန်လူမျိုးတစ်ဦး၏ မော်တော်ယာဉ်


ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ အရက်မူးပြီး ကားမောင်းရာမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုအတွင်း အမေရိကန် စစ်သားတစ်ဦး ပါဝင်ခဲ့ပြီးနောက် အမေရိကန်စစ်တပ်က ဂျပန်မှာရှိနေတဲ့ ၎င်းရဲ့စစ်သားအားလုံးကို အရက်သောက်ခွင့် ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

ဒါ့အပြင် အိုကီနာဝါရှိ အမေရိကန်စစ်သားတွေကိုလည်း နေအိမ် သို့မဟုတ် စစ်စခန်းမှာသာ နေထိုင်ကြရန် ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၀ ရက်) အိုကီနာဝါမှာ အမေရိကန်တပ်သားတစ်ဦး လိုက်ပါလာတဲ့ ထရပ်ကားက မီနီဗင်ကားကို ဝင်တိုက်မှုဖြစ်ခဲ့ရာ မီနီဗင်ကားပေါ်မှ ဒေသခံ ဂျပန်လူမျိုး ကားမောင်းနှင်သူ သေဆုံးခဲ့ပါတယ်။

play
အိုကီနာဝါကျွန်းပေါ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်း


ဂျပန်မှာ အခြေစိုက်ထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ထက်ဝက်ကျော်ဟာ အိုကီနာဝါကျွန်းမှာ ရှိနေတာဖြစ်ပြီး ဒေသခံတွေက စစ်စခန်းတည်ရှိနေမှုကို ကာလရှည်ကြာ ကန့်ကွက်နေခဲ့ပါတယ်။

အမေရိကန်စစ်တပ်က အိုကီနာဝါမှာ နိုဝင်ဘာ ၂၀ ရက်က ဖြစ်ပွားခဲ့တဲ့ ကားတိုက်မှုအတွင်း ၎င်းရဲ့စစ်သားတစ်ဦး ပါဝင်ကြောင်း အတည်ပြုထားပြီး ကားတိုက်မှုဟာ အရက်မူးပြီး မောင်းနှင်မှုကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

play
အိုကီနာဝါကျွန်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းမှာ ဒေသခံများ ဆန္ဒပြစဉ်


ဂျပန်ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အမေရိကန်စစ်သားဟာ သွေးအတွင်း အရက်ပမာဏ ကန့်သတ်ချက်ထက် သုံးဆပိုများနေခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမေရိကန်စစ်သားကို မဆင်မခြင် ကားမောင်းနှင်ရာမှ လူသေဆုံးမှုဖြင့် ဖမ်းဆီးထားကြောင်း ဂျပန်ရဲတပ်ဖွဲ့က ပြောပါတယ်။


ဂျပန်တောင်ပိုင်း အိုကီနာဝါကျွန်းမှာ အမေရိကန်တပ်ဖွဲ့ဝင်များ တပ်စွဲထားမှုက နှစ်နိုင်ငံကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမှာ အဓိက အခန်းကဏ္ဍလည်း ဖြစ်ပါတယ်။ အိုကီနာဝါ စစ်အခြေစိုက်စခန်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂၆,၀၀၀ ခန့်ရှိကြောင်း သိရပါတယ်။

ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကြောင့် အိုကီနာဝါရှိ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို နေရာရွှေ့ပြောင်းပြီး လျှော့ချသွားရန် စီစဉ်နေပေမဲ့ ဒေသခံတွေက လေတပ်အခြေစိုက်စခန်းကိုပါ ဖယ်ရှားစေချင်ကြတယ်လို့ ဆိုပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်တဲ့ ရာဇဝတ်မှုတွေနဲ့ မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိနေတာကို အိုကီနာဝါဒေသခံတွေက ထောက်ပြဝေဖန်ကြပါတယ်။

၁၉၉၅ ခုနှစ်က အသက် ၁၂ နှစ်အရွယ် ဂျပန်မိန်းကလေးတစ်ဦးကို အမေရိကန်စစ်သားတွေက အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ဖြစ်ခဲ့ကြောင်း သိရပါတယ်။

၂၀၁၆ ခုနှစ်မှာ အမေရိကန် မရိန်းတပ်သားဟောင်းနဲ့ ပတ်သက်နေသူ ဂျပန်အမျိုးသမီးတစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်စစ်သားတွေကို အရက်သောက်ခွင့်နဲ့ ညဥ့်နက်ပိုင်းမှာ အပြင်ထွက်ခွင့် ယာယီပိတ်ပင်ခဲ့ဖူးပါတယ်။၏

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD