AD
AD
AD

အမေရိကန်ရေတပ်မှ C-2A လေယာဉ် ပျက်ကျမှု

အမေရိကန်ရေတပ်မှ လူ ၁၁ ဦး လိုက်ပါလာတဲ့ လေယာဉ်တစ်စင်း ဂျပန်နိုင်ငံတောင်ပိုင်း ဖိလစ်ပိုင် ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့ရာ လက်ရှိအချိန်ထိ ၈ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက်က လေယာဉ်ပျက်ကျမှုဟာ အရှေ့အာရှဒေသတွင်း အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ မတော်တဆမှုတွေအနက် နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။

play
C2-A "Greyhound" လေယာဉ်


ဂျပန်နဲ့ အမေရိကန်တပ်ဖွဲ့တွေက ပျက်ကျခဲ့တဲ့ C2-A "Greyhound" သယ်ယူပို့ဆောင်ရေးလေယာဉ်ကို ဂျပန်နိုင်ငံ အစွန်အဖျားရှိ အိုကီနိုတိုရီ သန္တာကျောက်တန်းကမ်းလွန် ပင်လယ်ပြင်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

play
USS Ronald Reagan လေယာဉ်တင် စစ်သင်္ဘော


လေယာဉ်ပျက်ကျမှုအတွင်း ကယ်ဆယ်နိုင်ခဲ့သူ ၈ ဦးကို ဆေးကုသရန် USS Ronald Reagan လေယာဉ်တင်စစ်သင်္ဘောသို့ ပို့ဆောင်ခဲ့ပြီး ၎င်းတို့ရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။ အမေရိကန် အာဏာပိုင်တွေရဲ့ ပြောကြားမှုအရ လေယာဉ်ဟာ အင်ဂျင်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ကြောင်း သိရပါတယ်။


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်ရေတပ်က ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း၊ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး လေယာဉ်ပျက်ကျမှုမှာ ပါဝင်ခဲ့သူတွေအတွက် ဆုတောင်းပေးကြဖို့ ၎င်းရဲ့ Twitter မှာ ရေးသားထားပါတယ်။

play
C2-A "Greyhound" သယ်ယူပို့ဆောင်ရေး လေယာဉ်များ


လေယာဉ်ပျက်ကျပြီးနောက် ၁၂ နာရီရှိပြီဖြစ်ကာ ကျန်ရှိနေတဲ့ ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေပါတယ်။ ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ ဂျပန်နိုင်ငံရှိ အမေရိကန် လေတပ်အခြေစိုက်စခန်း Marine Corps Air Station Iwakuni မှ ခရီးသည်နဲ့ ကုန်ပစ္စည်းများကို ဖိလစ်ပိုင်ပင်လယ်ပြင်အတွင်းရှိ USS Ronald Reagan လေယာဉ်တင် စစ်သင်္ဘောထံသို့ ပို့ဆောင်ပျံသန်းနေစဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

C2-A သယ်ယူပို့ဆောင်ရေး လေယာဉ်တွေက ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်ချထားတဲ့ အမေရိကန် စစ်သင်္ဘောတွေထံ ပို့ဆေင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD