သြစတြေးလျနိုင်ငံ အစွန်အဖျားဒေသမှာ ၎င်းတို့ရဲ့ကား နွံနစ်ခဲ့တဲ့ အမျိုးသားနှစ်ဦးဟာ ဒီရေတက်လာမှုနဲ့ မိကျောင်းအန္တရာယ်ကို ရှောင်ရှားနိုင်ရန် ကားအမိုးပေါ်မှာ ၅ ရက်ကြာ သောင်တင်နေထိုင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

play
ချာလီနှင့် ဝီလျံ


အသက် ၁၉ နှစ်အရွယ် ချာလီဝီလျံနဲ့ အသက် ၃၇ နှစ်အရွယ် မောရစ်တို့ဟာ နိုဝင်ဘာ ၁၇ ရက်က ခွေးတစ်ကောင်နဲ့အတူ သြစတြေလျးအနောက်ပိုင်းမှာ အပျော်တမ်း ငါးမျှားထွက်ခဲ့ကြစဉ် ၎င်းတို့ရဲ့ကား နွံနစ်သွားခဲ့ပါတယ်။


ချာလီနဲ့မောရစ်တို့က ကားနွံနစ်ပြီး ဒုက္ခရောက်နေစဉ် ၎င်းတို့ရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေထံ ဗီဒီယိုမက်ဆေ့ခ်ျများ ပေးပို့ကာ အကူအညီတောင်းခဲ့ကြပါတယ်။

ကားနွံနစ်နေတဲ့ နေရာမှာ ဒီရေများတက်ရောက်လာခဲ့ပြီးနောက် ညပိုင်းမှာ မိကျောင်းများ ဝိုင်းလာပြီး ၎င်းတို့ရဲ့ခွေးကို ကိုက်ရန်ကြိုးပမ်းခဲ့ကြတယ်လို့ မောရစ်က ဗီဒီယိုထဲမှာ ပြောထားပါတယ်။

play
နွံနစ်နေသည့်ကားကို တွေ့ရစဉ်


ကယ်ဆယ်ရေးအဖွဲ့က ၎င်းတို့နှစ်ဦးကို လေကြောင်းမှ လိုက်လံရှာဖွေခဲ့ရာ အင်္ဂါနေ့ (နိုဝင်ဘာ ၂၁ ရက်) မှာ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ချာလီနဲ့မောရစ်တို့ဟာ ပင်ပင်းနွမ်းနယ်နေပြီး အပူဒဏ်ခံစားနေရကာ ရေဓာတ်ခမ်းခြောက်နေခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။

ကားအမိုးပေါ်မှာ ၅ ရက်ကြာ သောင်တင်နေခဲ့ကြတဲ့ ၎င်းတို့နှစ်ဦးဟာ အစားအစာနဲ့ရေကို ခွဲတမ်းကျ စားသောက်ပြီး အသက်ဆက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

play
ချာလီနဲ့ဝီလျံတို့ရဲ့ကားကို လေကြောင်းမှ ရှာဖွေတွေ့ခဲ့စဉ်


သို့သော် ကယ်ဆယ်ရေးအဖွဲ့က Broome မြို့နဲ့ မိုင် ၆၀ အကွာ Dampier ကျွန်းဆွယ်မှာ ၎င်းတို့ကို ရှာဖွေတွေ့ရှိစဉ်မှာတော့ စားသောက်စရာများ မကျန်ရှိဘူးလို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ချာလီနဲ့မောရစ်တို့နှစ်ဦး အိမ်ကိုပြန်မလာကြောင်းကို ဆွေမျိုးတွေက သတိပြုမိပြီးနောက် နိုဝင်ဘာ ၂၁ ရက်မှာ ရဲတပ်ဖွဲ့ထံ သတင်းပို့ခဲ့ရာက ကယ်ဆယ်ရေးအဖွဲ့က စတင်ရှာဖွေခဲ့ပြီး ထိုနေ့နှောင်းပိုင်းမှာ ပြန်တွေ့ခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video