AD
AD
AD
play


ပြင်သစ်နိုင်ငံမှာ ဆပ်ကပ်အဖွဲ့မှ ကျားတစ်ကောင် လွတ်လာခဲ့ပြီးနောက် ပါရီမြို့လယ်ရှိ အီဖယ်မျှော်စင်တောင်ဘက် လမ်းမတွေပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။

နာမည်ကျော် အီဖယ်မျှော်စင်အနီး ရောက်လာခဲ့တဲ့ အဆိုပါကျားကို နောက်ပိုင်းမှာတော့ ဆပ်ကပ်အဖွဲ့မှ ကျားထိန်းကျောင်းသူက အသေပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

play
ထိန်းကျောင်းသူက အသေပစ်သတ်ခဲ့သည့် ဆပ်ကပ်အဖွဲ့မှ ကျားကိုတွေ့ရစဉ်


နိုဝင်ဘာ ၂၄ ရက် ညနေ ၆ နာရီ မတိုင်ခင်မှာ အလေးချိန် ပေါင် ၄၄၀ ခန့်ရှိတဲ့ ကျားတစ်ကောင်ကို France Television ရုံးခန်းအနီး မြင်တွေ့ခဲ့ရကြောင်း လူအများအပြားက သတင်းပေးခဲ့ကြပါတယ်။


ဆိုရှယ်မီဒီယာမှာလည်း အီဖယ်မျှော်စင်အနီး ကျားတစ်ကောင်တွေ့ရကြောင်း သတင်းတွေ ပျံ့နှံ့ခဲ့ပြီးနောက် အဆိုပါနေရာတစ်ဝိုက် အသွားအလာ ပိတ်ပင်ထားခဲ့ကြောင်း သိရပါတယ်။ ကျားထိန်းကျောင်းသူကတော့ ၎င်းရဲ့ကျားကို အသေပစ်သတ်ခဲ့ရမှုအပေါ် ယူကြုံးမရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

play
ကျား လွတ်မြောက်သွားခဲ့သည့် လှောင်အိမ်ကို တွေ့ရစဉ်

 
အဆိုပါကျားဟာ Bormann-Moreno ဆပ်ကပ်အဖွဲ့မှဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၃ ရက်မှာ ဖျော်ဖြေပြသရန် ပါရီကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ယခု ဖြစ်ရပ်နဲ့ပတ်သက်ပြီး ကျားထိန်းကျောင်းသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD