AD
AD
AD

ဂျော်ဂျီယာနိုင်ငံ ပင်လယ်နက်အပန်းဖြေစခန်းရှိ ဟိုတယ်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး အခြား ၂၁ ဦးကျော် ဒဏ်ရာရခဲ့ကြောင်း ဂျော်ဂျီယာပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂျော်ဂျီယာမှာ ဟိုတယ်မီးလောင်မှု

  
၂၂ ထပ်ပါ လီယိုဂရင်းဟိုတယ် (Leogrand Hotel) နဲ့ ကာစီနိုလောင်းကစားရုံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေဟာ မီးခိုးငွေ့များကြောင့် အသက်ရှူမွန်းကျပ်ကာ သေဆုံးခဲ့ကြတယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီး ဇာလ်မိုက်လက်ဒ်ဇီက ဆိုပါတယ်။

play


မီးလောင်မှုကို ၂ နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပါဘူး။

မီးလောင်မှုဖြစ်တဲ့ ဟိုတယ်မှ လူ ၁၀၀ ကျော်ကို အရေးပေါ်ဌာနက ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ ရွှေ့ပြောင်းပေးခဲ့ရသူတွေအနက် တူရကီနိုင်ငံသား ၃ ဦးနဲ့ အစ္စရေးတစ်ဦးတို့ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

play


မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေကို မည်သူဖြစ်ကြောင်း သိရှိနိုင်ရန် လုပ်ဆောင်နေကြောင်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်မှုအရ အီရန်လူမျိုးတစ်ဦးနဲ့ ဂျော်ဂျီယာလူမျိုး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 
မီးလောင်မှုအတွင်း ဆေးကုမှုခံယူရန် လိုအပ်တာကြောင့် ဆေးရုံသို့ပို့ဆောင်ခဲ့သူတွေရဲ့ အခြေအနေ တည်ငြိမ်ကောင်းမွန်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ယခု မီးလောင်မှုဖြစ်တဲ့ လီယိုဂရင်းဟိုတယ်မှာ ဂျောဂျီယာအလှမယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ရန် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

play
ဂျော်ဂျီယာဝန်ကြီးချုပ် Kvirikashvili

 
ဂျော်ဂျီယာအလှမယ်ပြိုင်ပွဲကို တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၆ ရက်) ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ပွားစဉ် ဟိုတယ်မှာ ရှိနေခဲ့ကြကြောင်း သတင်းများထွက်ပေါ်ခဲ့တဲ့ အလှမယ် ၂၀ ဦးလုံး အန္တရာယ်ကင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ဟိုတယ်မီးလောင်မှု ဖြစ်ပွားကြောင်း သိရှိခဲ့ရပြီးနောက် ဥရောပသမဂ္ဂ အစည်းအဝေးတက်ရန် သွားရောက်နေတဲ့ ဂျော်ဂျီယာဝန်ကြီးချုပ် Kvirikashvili က နိုင်ငံကို ပြန်လာခဲ့ကြောင်း သိရပါတယ်။

နောက်ပိုင်းမှာ ဝန်ကြီးချုပ်က မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနဲ့ မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်သွားမယ်လို့ ၎င်းရဲ့ Facebook မှာ ရေးသားခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD