AD
AD
AD
play


တရုတ်နိုင်ငံအရှေ့ပိုင်း ဇီဂျီအန်းပြည်နယ်မှာ ယနေ့ (နိုဝင်ဘာ ၂၆ ရက်) မနက်အစောပိုင်းက ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူနှစ်ဦးထက်မနည်း သေဆုံးပြီး အခြား လူအများအပြားလည်း ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အဆောက်အအုံများ ပြိုကျခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

play


ဇီဂျီအန်းပြည်နယ် ဂျီအန်ဘေးဒေသ နင်ဘိုမြို့ရှိ စက်ရုံတစ်ရုံမှာ ယနေ့မနက် ဒေသစံတော်ချိန် ၉ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ မျက်မြင်တွေ့ရှိသူတွေနဲ့ နင်ဘိုမြို့ မီးသတ်တပ်ဖွဲ့ကို ကိုးကားပြီး သတင်းဖော်ပြခဲ့ပါတယ်။

play


နင်ဘိုမြို့ဟာ ရှန်ဟိုင်းမြို့တောင်ဘက် ၆၂ မိုင်အကွာမှာရှိတဲ့ ကမ်းရိုးတန်းမြို့ဖြစ်ကြောင်း သိရပါတယ်။ China Centgral Television (CCTV) သတင်းဌာနကတော့ ပေါက်ကွဲမှုဟာ စက်ရုံတစ်ရုံမှာ ဖြစ်ခဲ့တယ်လို့ မဖော်ပြခဲ့ပါဘူး။

ပေါက်ကွဲမှုဟာ ပြင်းထန်ကြောင်းနဲ့ ပေါက်ကွဲမှုဖြစ်တဲ့နေရာမှ မိုင်ဝက်ကျော်အကွာရှိ အဆောက်အအုံ ပြတင်းပေါက်မှန်များကွဲခဲ့ပြီး နံရံတွေမှာ အပေါက်များဖြစ်ပေါ်ခဲ့ကြောင်း CCTV သတင်းက ပြောပါတယ်။


တရုတ်အစိုးရသတင်းဌာနက ပေါက်ကွဲမှုဟာ ဂက်စ်ပေါက်ကွဲမှု မဟုတ်ကြောင်း ပြောခဲ့ပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

ဇီဂျီအန်းနေ့စဉ် သတင်းစာရဲ့ ဖော်ပြမှုအရ ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာအနီးမှ ပြိုကျခဲ့တဲ့ အဆောက်အအုံတွေမှာ လူနေထိုင်ခြင်း မရှိကြောင်း သိရပါတယ်။

play


ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာရှိ အဆောက်အအုံတွေကို ဖြိုဖျက်ရန်သတ်မှတ်ထားပြီး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က Reuters သတင်းဌာနကို ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းနဲ့ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ရဲ့ Weibo လူမှုကွန်ရက် တရားဝင်အကောင့်မှာ ဖော်ပြထားပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD