play


ဘာလီကျွန်းပေါ်ရှိ Agung မီးတောင် ဒုတိယအကြိမ် ပေါက်ကွဲမှုကြောင့် လေကြောင်းပျံသန်းမှု အန္တရာယ်ရှိကြောင်း သတိပေးချက်ကို အင်ဒိုနီးရှားနိုင်ငံ Volcanology and Geological Disaster Mitigation Centre (PVMBG) က အမြင့်ဆုံးဖြစ်တဲ့ အနီရောင်သတိပေးချက်အဖြစ် သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

Postby

 
Agung မီးတောင်ကနေ ပြာမှုန်အများအပြား ယနေ့ (နိုဝင်ဘာ ၂၆ ရက်) ဆက်လက် ပန်းထွက်နေခဲ့ပြီးနောက် PVMBG က လေကြောင်းပျံသန်းမှု အန္တရာယ်ရှိကြောင်း သတိပေးချက်ကို လိမ္မော်ရောင်မှ အနီရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဘာလီကျွန်းပေါ်ရှိ Agung မီးတောင်ဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ယမန်နေ့ (နိုဝင်ဘာ ၂၅ ရက်) ညနေပိုင်းက ထပ်မံ ပေါက်ကွဲခဲ့ပါတယ်။

play


"ဒေသစံတော်ချိန် စနေန့ညနေ ၆ နာရီ မိနစ် ၂၀ လောက်က မီးတောင် ထပ်မံပေါက်ကွဲခဲ့ပါတယ်၊ မီးတောင်ကနေ ပြာမှုန်တွေက အမြင့်ပေ ၁၃,၀၀၀ ကျော်အထိ ရောက်ရှိခဲ့ပြီး ဒီပြာမှုန်တွေက လေထုထဲမှာ အရှေ့တောင်ဘက်ကို ဦးတည်ပြီး တစ်နာရီကို ၁၁ မိုင် အမြန်နှုန်းနဲ့ ရွေ့လျားနေပါတယ်" လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် လျော့ပါးရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပါဝို နူဂရိုဟိုက ယနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန် ပြောကြားခဲ့ပါတယ်။

play


မီးတောင်အနီးတဝိုက်မှာ နေထိုင်ကြတဲ့ ဒေသခံတွေကို အန္တရာယ်ရှိကြောင်း သတိပေးချက်အား အဆင့် ၄ ဆင့်ရှိသည့်အနက် အဆင့် ၃ အဖြစ် ဆက်လက် ထုတ်ပြန်ထားကြောင်းလည်း သိရပါတယ်။ မီးတောင်ကနေ ၃ မိုင်ကျော်မှ ၄ မိုင်ကျော်ပတ်လည် ဧရိယာအတွင်း သွားရောက်ခြင်းမပြုကြရန် အာဏာပိုင်တွေက သတိပေးထားပါတယ်။

play


Agung မီးတောင် ပေါက်ကွဲနေမှုကြောင့် သြစတြေးလျ၊ နယ်သာလန်နဲ့ မလေးရှားနိုင်ငံရှိ မြို့ကြီးများမှ ဘာလီကျွန်းကို ပျံသန်းတဲ့ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပြီး ယမန်နေ့ညပိုင်းနဲ့ ယနေ့မနက် အစောပိုင်းမှာ ပြန်လည် စီစဉ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။


ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ ဘာလီကျွန်းပေါ်ရှိ ကူတာ (Kuta) အပန်းဖြေကမ်းခြေနေရာမှ ၄၇ မိုင်အကွာမှာ တည်ရှိတဲ့ Agung မီးတောင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက လှုပ်ရှားနေခဲ့တာလည်း ဖြစ်ပါတယ်။

Agung မီးတောင်ဟာ ၁၉၆၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်  ဒေသစံတော်ချိန် ညနေပိုင်းမှာ ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video