AD
AD
AD


သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ နှစ်သစ်ကြိုဆိုပွဲများ ကျင်းပနေစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် နှောင်းပိုင်းမှာ ဖမ်းဆီးခဲ့တဲ့ အသက် ၂၀ နှစ်အရွယ် အလီခါလစ် ရှီရီအလီကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက် ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုများဖြင့် စွဲချက်တင်ထားပါတယ်။

play


ခါလစ်က မဲလ်ဘုန်းမြို့လယ်ရှိ ပြည်ထောင်စုရင်ပြင်မှာ ကျင်းပလေ့ရှိတဲ့ နှစ်သစ်ကြိုဆိုပွဲ လာရောက်ကြသူတွေကို သေနတ်ဖြင့်ပစ်ခတ်ရန် စီစဉ်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ချိန်အထိ ခါလစ်ထံမှာ သေနတ်ပိုင်ဆိုင်ထားမှု မရှိသေးဘူးလို့ ဆိုပါတယ်။

play


ယမန်နှစ်က မဲလ်ဘုန်းမြို့လယ်မှာ ကျင်းပခဲ့တဲ့ နှစ်သစ်ကြိုဆိုပွဲကို လူပေါင်း ၅၀၀,၀၀၀ ခန့် လာရောက်ဆင်နွှဲခဲ့ကြပါတယ်။

အာဏာပိုင်တွေရဲ့ အဆိုအရ ခါလစ်ကို ဆိုမာလီယာ မိဘတွေက သြစတြေးလျမှာ မွေးဖွားခဲ့တာဖြစ်ပြီး ၎င်းကို ယခုနှစ် ဇန်နဝါရီလကတည်းက ရဲတပ်ဖွဲ့က စောင့်ကြည့်စာရင်းမှာ ထည့်သွင်းထားခဲ့တယ်လို့ သိရပါတယ်။

"ခါလစ်က သေနတ်တစ်လက်နဲ့ လူများနိုင်သလောက်များများကို ပစ်သတ်ဖို့ ကြံစည်နေတာ ဖြစ်ပါတယ်" လို့ ဗစ်တိုးရီးယားရဲတပ်ဖွဲ့မှ ဒုတိယအကြီးအကဲ ရှိန်းပတ်တွန်က အင်္ဂါနေ့ (နိုဝင်ဘာ ၂၈ ရက်) မှာ ပြောပါတယ်။

play


၎င်းဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ထောက်ခံသူဖြစ်ပြီး အယ်လ်ကေဒါ အကြမ်းဖက်အဖွဲရဲ့ အကြမ်းဖက်တိုက်ခိုက်ရန် မည်သို့ပြင်ဆင်ရကြောင်း သင်ကြားထားမှုကို အွန်လိုင်းကနေ ရယူလေ့လာခဲ့တယ်လို့ ဆိုပါတယ်။

ခါလစ်ဟာ အစွန်းရောက်အုပ်စုတွေနဲက ဆက်သွယ်မှုတွေ ရှိခဲ့ပေမဲ့ စီစဉ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို တစ်ဦးတည်းလုပ်ဆောင်ရန် ရည်ရွယ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ခါလစ်နဲ့ဆက်နွယ်ပြီး နောက်ထပ် ဖမ်းဆီးမှုတွေ မရှိနိုင်ဘူးလို့ ဆိုပါတယ်။

play


ရဲတပ်ဖွဲ့က ခါလစ်ရဲ့နေအိမ်နဲ့ ၎င်းရဲဆွေမျိုးတစ်ဦး နေအိမ်တို့ကို ဝင်ရောက်ရှာဖွေခဲ့ကြကြောင်း သိရပါတယ်။ သြစတြေးလျမှာ အကြမ်းဖက်တိုက်ခိုက်မှု ခြိမ်းခြောက်မှုအဆင့်ကို 'ဖြစ်နိုင်ခြေ' အဆင့်သို့ မြှင့်တင်သတ်မှတ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှစပြီး အကြမ်းဖက်တိုက်ခိုက်မှု တန်ပြန်တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုတွေအရ လူ ၇၄ ဦးကို ဖမ်းဆီးစွဲချက်တင်ခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD