AD
AD
AD
play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တီလာဆန်


အမေရိကန် သမ္မတအိမ်ဖြူတော်က နိုင်ငံရေးဝန်ကြီး ရက်ဇ်တီလာဆန်ကို CIA အကြီးအကဲ မိုက်ခ် ပွန်မ်ပီအိုနဲ့ အစားထိုးသွားရန် ဆွေးနွေးနေကြောင်း အမေရိကန်သတင်းတွေက ပြောပါတယ်။

တီလာဆန်ဟာ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး လတ်တလောမှာ သမ္မတဒေါ်နယ်ထရန့်နဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေကြောင်း သိရပါတယ်။

င်ငံခြားရေးဝန်ကြီး တီလာဆန်က သမ္မတထရန့်ဟာ ဉာဏ်နည်းသူဖြစ်ကြောင်း ၎င်းရဲပုဂ္ဂလိကအမြင်ကို ထုတ်ဖော်ပြောဆိုမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

၎င်းတို့နှစ်ဦးဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုနဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေအပေါ် ကိုင်တွယ်ဆောင်ရွက်ရာမှာ ချဉ်းကပ်ပုံမတူညီခဲ့ကြကြောင်း သိရပါတယ်။

play
အမေရိကန် နိုင်ငံရေးဝန်ကြီး ရက်ဇ်တီလာဆန်


တီလာဆန်ရဲ့ နိုင်ငံခြားရေးဝန်ကြီး နေရာကို အစားထိုးသွားရန် ဆွေးနွေးခဲ့ကြောင်း အမည်မဖော်တဲ့ အမေရိကန်အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီး AP သတင်းဌာနက ပြောပါတယ်။

အဆိုပါ သတင်းရင်းမြစ်တွေက နိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်းကို New York Times နဲ့ Vanity Fair သတင်းဌာနတို့ကိုလည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

New York Times ရဲ့ အဆိုအရ CIA အကြီးအကဲ ပွန်မ်ပီအိုရဲ့ နေရာကို ရီပတ်ဘလစ်ကင် လွှတ်တော်အမတ် တွမ်ကော့တွန်က ဆက်ခံသွားမယ်လို့ သိရပါတယ်။ နိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲကို အစောဆုံးအဖြစ် ဒီဇင်ဘာ သို့မဟုတ် လာမယ့်နှစ် ဇန်နဝါရီလမှာ ပြုလုပ်သွားနိုင်ကြောင်း အမေရိကန်သတင်းတွေက ဆိုပါတယ်။

play
CIA အကြီးအကဲ မိုက်ခ် ပွန်မ်ပီအို


သို့သော် နိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲပြုလုပ်ရန် သမ္မတထရန့်က နောက်ဆုံး အတည်ပြုခဲ့ပြီးခြင်းရှိ မရှိ ရှင်းလင်းစွာ မသိရသေးကြောင်း New York Times က ဖော်ပြခဲ့ပါတယ်။

သမ္မတထရန့်က စွမ်းအင်ကုမ္ပဏီ Exxon Mobil ရဲ့ အကြီးအကဲဟောင်းဖြစ်သူ တီလာဆန်ကို သဘောမကျတော့ကြောင်း ကောလာဟလတွေ ယခင်ကတည်းက ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေကို ထိန်းချုပ်ဟန့်တားရန်အတွက် အဆိုပါနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို လျှော့ချပေးခြင်းဖြင့် အပေးအယူပြုလုပ်ရန် စီစဉ်ခြင်းကို သမ္မတထရန့်က ပြက်ရယ်ပြုခဲ့ပါတယ်။

ထို့အတူ တီလာဆန်က မြောက်ကိုရီးယားနိုင်ငံနဲ့ သံတမန်ရေး ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ခြင်းကိုလည်း အချိန်ဖြုန်းနေတယ်လို့ ထရန့်က ပြောခဲ့ဖူးကြောင်း သိရပါတယ်။

တီလာဆန်ကို ယခုနှစ် ဇန်နဝါရီလမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး အကယ်၍ အစားထိုးပြောင်းလဲမှု ပြုလုပ်ခဲ့ပါက ၎င်းဟာ သက်တမ်းအတိုဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး ဖြစ်လာမယ်လို့ သိရပါတယ်။

play
အမေရိကန် သမ္မတအိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဆာရာစန်ဒါစ်


နောက်ဆက်တွဲသတင်း - တီလာဆန်နေရာကို အစားထိုးသွားမယ့် သတင်းတွေကို အမေရိကန် သမ္မတအိမ်ဖြူတော်က ပယ်ချလိုက်တယ်လို့ ဆိုပါတယ်။

တီလာဆန်ဟာ အမေရိကန်အစိုးရအဖွဲ့ကို ဆက်လက် ဦးဆောင်သွားမယ်လို့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဆာရာစန်ဒါစ်က ပြောပါတယ်။ တီလာဆန်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ မမှန်ကန်ကြောင်း သူမက ငြင်းဆိုခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD