AD
AD
AD

သီတင်းနှစ်ပတ်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ရေငုပ်သင်္ဘော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အာဂျင်တီးနားရေတပ်က ပြောပါတယ်။

play
အာဂျင်တီးနားရေတပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး အန်းနရစ်


"ရှာဖွေရေးလုပ်ငန်းတွေကို အားစိုက်လုပ်ဆောင်ခဲ့ပေမဲ့ ရေငုပ်သင်္ဘောရဲ့ လက်ရှိတည်နေရာကို မသိနိုင်ခဲ့ပါဘူး" လို့ ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး အန်းနရစ်ဘော်လ်ဘီက ဆိုပါတယ်။

အမှုထမ်း ၄၄ ဦး လိုက်ပါသွားတဲ့ အာဂျင်တီးနားရေတပ်မှ ARA San Juan ရေငုပ်သင်္ဘောဟာ နိုဝင်ဘာ ၁၅ ရက်မှာ အဆက်အသွယ် ပြတ်တောက်သွားပြီး ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

play
ပျောက်ဆုံးသွားခဲ့သည့် ARA San Juan ရေငုပ်သင်္ဘော


ရေငုပ်သင်္ဘောနဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့တဲ့ ရောအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ဖွယ်ရှိကြောင်း ထောက်လှမ်းသိရှိခဲ့ရပြီးနောက် ရေငုပ်သင်္ဘောပေါ်မှ အမှုထမ်းတွေကို အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်မယ့် မျှော်လင့်ချက် မှေးမှိန်ခဲ့ရပါတယ်။

ရေငုပ်သင်္ဘော ပျောက်ဆုံးခဲ့ပြီးနောက် အမှုထမ်းတွေကို ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရမယ့် ရက်အတိုင်းအတာကို နှစ်ဆကျော်အထိ တိုးချဲ့လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ရေတပ်ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

play
ရေငုပ်သင်္ဘောမှာ လိုက်ပါသွားသည့် အမှုထမ်းများ


၎င်းရဲ့ ပြောဆိုမှုအရ နစ်မြုပ်သွားတဲ့ ရေငုပ်သင်္ဘောအတွင်း အမှုထမ်းတွေ အသက်ရှင်နေနိုင်မှု ခန့်မှန်းကာလဟာ သီတင်းနှစ်ပတ်ဖြစ်ကြောင်း ရည်ညွှန်းရာရောက်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောဟာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှု ဖြစ်ခဲ့ကြောင်း အာဂျင်တီးနား အာဏာပိုင်တွေက အစောပိုင်းမှာ ပြောကြားထားခဲ့ပါတယ်။

play
ARA San Juan ရေငုပ်သင်္ဘော ဖွဲ့စည်းတည်ဆောက်ထားပုံ


ရေငုပ်သင်္ဘောဟာ မူလက နိုဝင်ဘာ ၂၀ ရက်အထိ လေ့ကျင့်ရေးတာဝန်ဖြင့် ခုတ်မောင်းသွားနေတာ ဖြစ်ပေမဲ့ ခရီးစဉ်ကိုလျှော့ချရန် တင်ပြခဲ့ပြီးနောက် မာဒဲလ်ပလတ်တာမြို့ ဆိပ်ကမ်းကို တိုက်ရိုက် သွားရောက်နေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့ပါတယ်။

ARA San Juan ရေငုပ်သင်္ဘောကို အမေရိကန်၊ ရုရှားနဲ့ ဗြိတိန် အပါအဝင် ၁၂ နိုင်ငံကျော်မှမှ အင်အား ၄,၀၀၀ ကျော်ပါဝင်တဲ့ အဖွဲက ပူးပေါင်းရှာဖွေခဲ့ကြကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News

AD