AD
AD
AD

ဂျပန်ဧကရာဇ် အကီဟီတို


ဂျပန်အစိုးရက ဧကရာဇ်အကီဟီတို ထီးနန်းစွန့်မယ့်ရက်ကို အတည်ပြု သတ်မှတ်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ရှင်ဇိုအဘေး ဦးဆောင်ပြုလုပ်တဲ့ အထူးအစည်းအဝေးအပြီးမှာ ဂျပန်ဧကရာဇ် အကီဟီတို ထီးနန်းစွန့်မယ်ရက်ကို အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။

play
ဂျပန်ဧကရာဇ် ဇနီးမောင်နှံ


ဂျပန်အစိုးရက ယနေ့ (ဒီဇင်ဘာ ၁ ရက်) အတည်ပြု ကြေညာချက်အရ ဧကရာဇ်အကီဟီတိုဟာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်မှာ ထီးနန်းစွန့်မယ်လို့ သိရပါတယ်။ အကီဟီတို ထီးနန်းစွန့်မှုဟာ ဂျပန်သမိုင်းတစ်လျှောက် နှစ်ပေါင်း ၂၀၀ အတွင်း ဧကရာဇ်တစ်ပါးက ပထမဆုံးအကြိမ် ထီနန်းစွန့်မှုလည်း ဖြစ်လာပါတယ်။

play
ဂျပန်ဧကရာဇ် အကီဟီတိုနှင့် ဝန်ကြီးချုပ် ရှင်ဇိုအဘေး


ဂျပန်ဧကရာဇ်အကီဟီတို ထီးနန်းလွှဲပြောင်း အနားယူနိုင်မယ့် တစ်ကြိမ်သာ အကျုံးဝင်သက်ရောက်တဲ့ ဥပဒေကို လွှတ်တော်က ယခုနှစ် ဇွန်လအတွင်း အတည်ပြုခဲ့ပါတယ်။

ဂျပန်နိုင်ငံ ဥပဒေအရ ဧကရာဇ်တစ်ပါး ထိုသို့ ထီးနန်းစွန့်ရန် ပြဌာန်းမထားခဲ့တာကြောင့် တစ်ကြိမ်သာ အကျုံးဝင်သက်ရောက်တဲ့ ဥပဒေပြဌာန်းနိုင်ရန် လုပ်ဆောင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

play


ဝန်ကြီးချုပ် ရှင်ဇိုအဘေး အစိုးရအဖွဲ့က ဂျပန်ဧကရာဇ် အကီဟီတို ထီနန်းစွန့် အနားယူနိုင်ရန်အတွက် လိုအပ်တဲ့ ဥပဒေမူကြမ်းကို မေလ ၁၉ ရက်မှာ လက်မှတ်ရေးထိုးအတည်ပြုထားခဲ့ပြီး လွှတ်တော်ရဲ့ အတည်ပြုမှုကို ဆက်လက် ရယူခဲ့ပါတယ်။

ဂျပန်ပြည်သူတွေ ချစ်ခင်ကြတဲ့ ဧကရာဇ်အကီဟီတိုဟာ အသက် ၈၃ နှစ် ရှီပြီဖြစ်ပြီး ၎င်းရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးအရ ဧကရာဇ်တာဝန်များ ဆောင်ရွက်ရန် ခက်ခဲနေကြောင်းနဲ့ ထီးနန်းလွှဲပြောင်းလိုကြောင်း ယမန်နှစ်အတွင်း ပြောကြားခဲ့ပါတယ်။

play
ဂျပန် အိမ်ရှေ့မင်းသား နာရူဟီတို


ဂျပန်ဧကရာဇ် အကီဟီတိုဟာ နှလုံးခွဲစိတ်ကုသမှုနဲ့ ဆီးကြိတ်ကင်ဆာ ကုသမှုတွေ ခံယူခဲ့ရကြောင်းလည်း သိရပါတယ်။ အကီဟီတိုက ၎င်းရဲ့ထီးနန်အရိုက်အရာကို သားအကြီးဆုံးဖြစ်သူ အိမ်ရှေ့မင်းသား နာရူဟီတိုထံ လွှဲပြောင်းပေးရန် စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ထီးနန်စွန့်ခွာမယ့် ၂၀၁၉ ခုနှစ်မှာ ဧကရာဇ်အကီဟီတိုဟာ အသက် ၈၅ နှစ်ကျော်အရွယ် ဖြစ်မယ်လို့ သိရပါတယ်။ ဧကရာဇ်အကီဟီတိုဟာ ၁၉၈၉ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ၎င်းရဲ့ဖခင် ဟီရိုဟီတိုထံမှ ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD