AD
AD
AD

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်လမ်းကြောင်းကို သိရှိနိုင်ဖို့ အမေရိကန်၊ တောင်ကိုရီးယား နဲ့ဂျပန် နိုင်ငံတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာလ (၁၁)ရက်နေ့မှာ စတင်လိုက်တယ်လို့ တောင်ကိုရီးယား စစ်တပ်ဘက်က ကြေညာခဲ့ပါတယ်။

(၂)ရက်ကြာပြုလုပ်မယ့် ခြောက်ကြိမ်မြောက် ဒီစစ်ရေးလေ့ကျင့်မှုကို ကိုရီးယားကျွန်းဆွယ် အနီးရှိ ရေပြင်တွင် ပြုလုပ်မှာ ဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်း နိုင်ငံတခုချင်းစီကနေ Aegis အမေရိကန်စစ်သင်္ဘောတွေက မြောက်ကိုရီးယားဘက်ကလာနိုင်ချေရှိတဲ့ ဒုံးကျည်တွေကို စစ်ဆေး ရှာဖွေသွားမှာဖြစ်ပြီး၊ အချက်အလက်တွေကို ဝေမျှပေးသွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

play

 

ပြီးခဲ့တဲ့လက ပြုံယမ်းဘက်က တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ပြီး တစ်ပတ်ကျော်အကြာမှာ အခုလို နိုင်ငံ ၃နိုင်ငံ ပူးပေါင်းပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်တာဖြစ်ပါတယ်။

နိုဝင်ဘာလ (၂၉ )ရက်နေ့က ပစ်ခတ်လိုက်တဲ့ Hwasong-15 ICBM တိုက်ချင်းပစ်ဒုံးကျည်ဟာ အမေရိက ဘယ်နေရာမဆို ထိအောင်ပစ်နိုင်တယ်လို့ ပြုံယမ်းက ကြေညာပြီးကတည်းက တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

play

 

ဒါ့အပြင် မြောက်ကိုရီးယား နိုင်ငံကို နျူကလီယာ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ်ကြေညာခဲ့ပြီး၊ နျူကလီယာအစီအစဉ်တွေကို အရှိန်မြင့် လုပ်ဆောင်လာတဲ့အတွက် တကမ္ဘာလုံးကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။

နျူကလီယာအရေးသုံးသပ်သူတွေကတော့ မြောက်ကိုရီးယားက ပစ်ခတ်တဲ့ ဒုံးကျည်ဟာ အမေရိကတိုက်ကို ရောက်အောင် ပစ်နိုင်တယ်ဆိုပေမယ့် ကမ္ဘာ့လေထုကို ဒုံးကျည်နောက်တစ်ကြိမ်ဝင်ရောက်ပြီး ဆက်လက်ရှင်သန်ရှိနိုင်ဖို့ လိုအပ်တဲ့ နည်းပညာမှာ ကျွမ်းကျင်မှုမရှိသေးဘူးလို့  သံသယရှိနေဆဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD