သြစတြေးလျမှာ နှစ်ပေါင်း ၁၁၅ သန်း သက်တမ်းရှိတဲ့ ဒိုင်နိုဆောခြေရာတစ်ခု ဖျက်ဆီးခံခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ သြစတြေးလျ အမျိုးသားဥယျာဉ်အတွင်းရှိ ဒိုင်နိုဆောခြေရာ ကျောက်ဖြစ်ရုပ်ကြွင်း တစ်စိတ်တစ်ပိုင်း ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

play
ဖျက်ဆီးမခံရမီနှင့် ဖျက်ဆီးခံရပြီး ဒိုင်နိုဆောခြေရာ ကျောက်ဖြစ်ရုပ်ကြွင်း


ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေက သီရိုပေါ့ဒ် (theropod) အမျိုးအစား ဒိုင်နိုဆောခြေရာကို ၂၀၀၆ ခုနှစ်အတွင်း ဗစ်တိုးရီးယားရှိ Flat Rocks ကမ်းရိုးတန်း ကျောက်တုံးတစ်ခုပေါ်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဒေသဟာ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိရလေ့ရှိတဲ့ နေရာတစ်ခုဖြစ်ပြီး ရေခဲခေတ်ကာလက ဒိုင်နိုဆောများ ကျက်စားနေထိုင်ခဲ့တဲ့ ကမ္ဘာ့နေရာတစ်ခုလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖျက်ဆီးသူတွေက အကျယ် ၁ ပေနီးပါးရှိ ဒိုင်နိုဆောခြေရာ ကျောက်ဖြစ်ရုပ်ကြွင်းမှ ခြေချောင်းသုံးချောင်းကို တူဖြင့်ထုပြီး ခွဲထုတ်ရယူရန် လုပ်ဆောင်ခဲ့တယ်လို့ အာဏာပိုင်တွေက ယုံကြည်ထားပါတယ်။

play


"တစ်ယောက်ယောက်က တူ ဒါမှမဟုတ် ကျောက်တုံးနဲ့ထုပြီး ဒိုင်နိုဆောခြေရာ ကျောက်ဖြစ်ရုပ်ကြွင်းကို ရယူဖို့ထုခွဲခဲ့ရာက ခြေချောင်းနေရာတွေ ပျက်စီးခဲ့တယ်" လို့ Parks Victoria အမျိုးသားဥယျာဉ်အစောင့် ဘရိုင်ယန်မာတင်က BBC သတင်းဌာနကို ပြောပါတယ်။

ဒိုင်နိုဆောခြေရာ ကျောက်ဖြစ်ရုပ်ကြွင်း ပျက်စီးနေမှုကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လေ့လာရေးခရီးစဉ် လာရောက်ခဲ့ကြတဲ့ ကျောင်းသားအုပ်စုက စတင်တွေ့ရှိခဲ့ကြပါတယ်။

ဒိုင်နိုဆောခြေရာ ကျောက်ဖြစ်ရုပ်ကြွင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ရယူနိုင်ရန် လုပ်ဆောင်ခဲ့ကြတယ်လို့လည်း အမျိုးသားဥယျာဉ်အစောင့် ဘရိုင်ယန်က ဆိုပါတယ်။

အလွန်ရှားပါးတဲ့ ဒိုင်နိုဆောခြေရာ ကျောက်ဖြစ်ရုပ်ကြွင်း ပျက်စီးခဲ့မှုအတွက် စိတ်ပျက်မိကြောင်း Parks Victoria အမျိုးသားဥယျာဉ်က ယနေ့ (ဒီဇင်ဘာ ၂၀ ရက်) သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video