AD
AD
AD

တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က ၎င်းရဲ့ ကင်းလှည့်သင်္ဘောများအနီး ချဉ်းကပ်လာတဲ့ တရုတ်ငါးဖမ်းစက်လှေတွေကို သေနတ်ဖြင့် အချက်ပေါင်း ၂၄၉ ချက် သတိပေး ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယား ရေပြင်အတွင်း ထိုသို့ သတိပေး ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရက ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

play
တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ စစ်သင်္ဘောတစ်စီး


တောင်ကိုရီးယား ကမ်းခြေစောင့်စစ်သင်္ဘောတွေက ၎င်းတို့ရေပြင်ပိုင်နက်အတွင်း ငါးခိုးဖမ်းနိုင်ကြောင်း သံသယရှိတဲ့ တရုတ်ငါးဖမ်းစက်လှေတွေကို ပုံမှန်စောင့်ကြည့်လေ့ရှိပါတယ်။

အင်္ဂါနေ့ (ဒီဇင်ဘာ ၁၉ ရက်) က စက်လှေ ၄၄ စီးပါဝင်တဲ့ တရုတ်ငါးဖမ်းစက်လှေအုပ်စုကို တောင်ကိုရီးယား ကမ်းခြေစောင့်စစ်သင်္ဘောတွေက ၎င်းတို့အနီးမှ ပြန်လည်ဆုတ်ခွာသွားတဲ့အထိ သတိပေး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"တရုတ်ငါးဖမ်းစက်လှေတွေက ကျွန်တော်တို့ရဲ့ ကမ်းခြေစောင့်စစ်သင်္ဘောတွေနားကို ချဉ်းကပ်လာပြီ ဝင်တိုက်ခဲ့တယ်၊ သူတို့ကို အော်ဟစ်သတိပေးပေမဲ့ ဂရုမစိုက်ခဲ့ကြတာကြောင့် သတိပေး ပစ်ခတ်ခဲ့ပါတယ်" လို့ တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

play
တရုတ်ငါးဖမ်းစက်လှေအုပ်စုတစ်ခု


တရုတ်အစိုးရက တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ငါးဖမ်းစက်လှေတွေကို အင်အားသုံး ကိုင်တွယ်ဆောင်ရွက်မှုအပေါ် အလေးအနက် စိုးရိမ်ပူပန်ကြောင်းဖြင့် ကန့်ကွက်ပြောဆိုခဲ့ပါတယ်။

"တောင်ကိုရီးယားအနေနဲ့ အခုလိုကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်ရာမှာ အင်အားအလွန်အကျွံသုံးပြီး လူတွေကို အန္တရာယ်ဖြစ်စေတာမျိုး မဟုတ်ဘဲ သင့်တော်တဲ့ ဆောင်ရွက်မှုပဲ ပြုလုပ်ဖို့မျှော်လင့်ပါတယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချောင်ရင်က ဘေဂျင်းမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ကြား မြောက်ကိုရီးယား နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်အပေါ် ကိုင်တွယ်ဆောင်ရွက်မှုမှာ ကွဲလွဲမှုတွေရှိနေကြောင်းလည်း သိရပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း ရေပြင်ပိုင်နက်ကျူးကျော်ကာ ငါးခိုးဖမ်းနေတဲ့ တရုတ်ငါးဖမ်းစက်လှေကို ဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းစဉ်အတွင်း တရုတ်ငါးဖမ်းသမား ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အဆိုပါနှစ်အတွင်း အောက်တိုဘာလမှာလည်း တောင်ကိုရီးယား ရေပြင်ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းခဲ့တဲ့ တရုတ်ငါးဖမ်းစက်လှေ ၂ စီးကို ပစ်ခတ်နှစ်မြုပ်ခဲ့ကြောင်း တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD