AD
AD
AD

မဲလ်ဘုန်းမှာဖြစ်ပွားခဲ့တဲ့ လူအုပ်စုကို ကားဖြင့်ဝင်တိုက်မှု


သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ လမ်းလျှောက်သွားလာနေတဲ့ လူအုပ်အတွင်း SUV ကားတစ်စီးဖြင့် တမင်ရည်ရွယ် ဝင်တိုက်ခဲ့မှုဟာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွယ်မှုမရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) မဲလ်ဘုန်းဒေသစံတော်ချိန် ၄း၄၅ မှာ ဖြစ်ပွားခဲ့တဲ့ ကားဖြင့်တမင်ဝင်တိုက်မှု ဖြစ်ရပ်အတွင်း လူ ၁၉ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

play
ကားမောင်းသမားကို ဖမ်းဆီးထားစဉ်


ဒဏ်ရာရခဲ့သူတွေအနက် အချို့ဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ မဲလ်ဘုန်းမြို့ရှိ ဖလင်ဒါစ်နဲ့ အဲလိဇဘက်သ် လမ်းဆုံမှာ ကားဖြင့်တမင်ဝင်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဗစ်တိုရီးယား ရဲတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

play
လူအုပ်စုကို ဝင်တိုက်ခဲ့တဲ့ SUV ကားကိုတွေ့ရစဉ်


ကားတိုက်မှုဖြစ်တဲ့ နေရာအနီးရှိ ဒိုးနပ်မုန့်ဆိုင် ပိုင်ရှင်ရဲ့အဆိုအရ ကားမောင်းနှင်သူဟာ ကားကို အမြန်နှုန်း တစ်နာရီလျှင် ၆၂ မိုင်နှုန်းအထိဖြင့် မောင်းနှင်လာခဲ့ပြီး လူအုပ်စုကို တမင်ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။ ကားတိုက်မှုဖြစ်ရာ နေရာသို့ ရဲတပ်ဖွဲ့က မိနစ်ပိုင်းအတွင်း ရောက်ရှိလာခဲ့ပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

play


အသက် ၃၂ နှစ်အရွယ် အာဖဂန်နွယ်ဖွား သြစတြေးလျနိုင်ငံသားနဲ့ အသက် ၂၄ နှစ်အရွယ် အခြား အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားမှာ ကားတိုက်မှုဖြစ်ရပ်ကို ဗီဒီယိုရိုက်ကူးနေခဲ့သူဖြစ်ပြီး အဆိုပါဖြစ်ရပ်နဲ့ ဆက်နွယ်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

Postby


ကားတိုက်မှုဖြစ်ရပ်ကို ဗီဒီယိုရိုက်ကူးခဲ့သူဟာ လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့စဉ် ကားမောင်းနှင်သူ ဒဏ်ရာရခဲ့ပြီး ၎င်းကို ရဲတပ်ဖွဲ့အစောင့်အရှောက်ဖြင့် ဆေးရုံတင်ထားရပါတယ်။

play


လူအုပ်စုကို ကားဖြင့်တမင်ဝင်တိုက်ခဲ့သူဟာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွယ်နေခြင်းမရှိဘဲ မူးယစ်ဆေးဝါး သုံးစွဲခဲ့ဖူးတဲ့မှတ်တမ်းနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာရှိခဲ့ဖူးကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက သတင်းထောက်တွေကို ပြောပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD