play


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်အနီးမှာ ခရီးသည် ၂၅၁ ဦး လိုက်ပါလာတဲ့ ကူးတို့သင်္ဘောတစ်စီး ရာသီဥတုဆိုးရွားမှုကြောင့် တိမ်းမှောက်ခဲ့ရာ လူ ၄ ဦး သေဆုံးပြီး ၆ ဦး ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူတွေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ ပြေခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

သင်္ဘောတိမ်းမှောက်တဲ့ နေရာအနီး ရှိနေခဲ့တဲ့ ဒေသခံ ငါးဖမ်းသမားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့က ခရီးသည် ၂၄၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) ဖြစ်ပွားခဲ့တဲ့ သင်္ဘောတိမ်းမှောက်မှုအတွင်း လူ ၄ ဦးထက်မနည်း သေဆုံးကြောင်းနဲ့ ပျောက်ဆုံးနေသူ ၇ ဦးရှိကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က အတည်ပြုပါတယ်။

play


ခရီးသည်တွေရဲ့ ပြောကြားမှုအရ လှိုင်းထန်ကာ လေပြင်းများတိုက်ခတ်ခဲ့ပြီးနောက် ပိုလ်လီလိုကျွန်းအနီး သင်္ဘောတိမ်းမှောက်ကာ အလျင်အမြန် နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးလုပ်ဆောင်မှုဟာ မိုးသည်ထန်မှုနဲ့ ပင်လယ်လှိုင်းထန်နေမှုတို့ကြောင့် အခက်အခဲကြုံခဲ့ရကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

တိမ်းမှောက်နစ်မြုပ်ခဲ့တဲ့ ကူးတို့သင်္ဘောဟာ လူ ၂၈၀ တင်ဆောင်နိုင်ပြီး ယခုဖြစ်ရပ်ဟာ ခရီးသည်အရေအတွက် အဆမတန် တင်ဆောင်ခဲ့မှုကြောင့် မဟုတ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုပါတယ်။

ရာသီဥတုဆိုးရွားမှုက သင်္ဘောတိမ်းမှောက် နစ်မြုပ်ရခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်ကြောင်း အာဏာပိုင်တွေက ပြောထားပါတယ်။

play


ကူးတို့သင်္ဘောဟာ ကူဇွန်ဒေသ ရီးရဲလ်မြို့ငယ်ရှိ ဆိပ်ကမ်းကနေ ယနေ့ အာရုဏ်တက်ချိန်မှာ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ရှိ ကျွန်းအများအပြားကြား ကူးသန်းသွားလာရာမှာ ရာသီဥတုဆိုးရွားမှုကြောင့် ယခုကဲ့သို့ မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

လက်ရှိမှာလည်း အပူပိုင်းမုန်တိုင်း Tembin က ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းကို ဦးတည်တိုက်ခတ်နေပြီး သောကြာနေ့ (ဒီဇင်ဘာ ၂၂ ရက်) မနက်အစောပိုင်းမှာ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video