AD
AD
AD

အင်ဒိုနီးရှားနိုင်ငံမှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်များ မရောက်ရှိမီ တပ်ဖွဲ့ဝင် ၁၈၀,၀၀၀ ဖြန့်ကျက်ထားပြီး လုံခြုံရေးတိုးမြှင့်သွားမယ်လို့ အာဏာပိုင်တွေက ယနေ့ (ဒီဇင်ဘာ ၂၂ ရက်) ပြောပါတယ်။

play


မွတ်စလင်မ်အများဆုံး နေထိုင်ကြတဲ့ အင်ဒိုနီးရှားမှာ စစ်သွေးကြွ တစ်ဒါဇင်ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် အစိုးရက ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလအတွင်း လုံခြုံရေးတိုးမြှင့်ထားမယ့် အစီအစဉ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ယခုလအစောပိုင်းက အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း မတူညီတဲ့ နေရာတွေမှာ စီးနင်းမှုတွေ ပြုလုပ်ခဲ့ပြီး စစ်သွေးကြွအဖြစ် သံသယရှိသူ ၁၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးခဲ့တဲ့ သံသယရှိသူတွေအနက် အများအပြားဟာ အိုင်အက်စ်အကြမ်းအုပ်စုနဲ့ အဆက်အသွယ်ရှိသူ သို့မဟုတ် ဆီးရီးယားနိုင်ငံကိုသွားရောက်ကာ အိုင်အက်စ်နဲ့ပူးပေါင်း တိုက်ခိုက်ခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

play


အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အကြမ်းဖက်တိုက်ခိုက်နိုင်မှု အန္တရာယ်ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် ပြောကြားခြင်းမရှိပေမဲ့ ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၂ ရက်အတွင်း နိုင်ငံတစ်ဝှမ်းရှိ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အများပြည်သူ သွားလာကြတဲ့ နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ထားမယ်လို့ ပြောခဲ့ပါတယ်။

ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အခြား အစိုးရအဖွဲ့အစည်းများနဲ့ အင်ဒိုနီးရှားရဲ့ အကြီးဆုံး အစ္စလာမ်လူငယ်အဖွဲ့အစည်း အပါအဝင် လူမှုရေးအဖွဲ့များမှ လူဦးရေ ၇၀,၀၀၀ က ပူးပေါင်းကူညီသွားမယ်လို့လည်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

play
၂၀၁၆ ခုနှစ် ဇန်နဝါရီလက ဂျကာတာမြို့မှာ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု


လူဦးရေ သန်း ၂၅၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ကာလရှည်ကြာ ရုန်းကန်ခဲ့ရပြီး လူသေဆုံးမှုများပြားတဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

အင်ဒိုနီးရှားမှာ ၂၀၀၀ ပြည့်နှစ်က ခရစ္စမတ်အကြိုကာလမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ဖူးပြီး လူ ၁၈ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

၂၀၀၂ ခုနှစ်ကလည်း ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်မှုများပြားတဲ့ ဘာလီကျွန်းရှိ နိုက်ကလပ်တစ်ခုမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း ဂျကာတာမြို့တော်မှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အသေခံဗုံးခွဲပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD