AD
AD
AD

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံအပေါ် ပိုမိုပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်သွားရန် တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

play
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်


မြောက်ကိုရီးယားက လတ်တလော ပြုလုပ်ခဲ့တဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို တုံ့ပြန်တဲ့အနေဖြင့် အရေးယူပိတ်ဆို့မှု အသစ်များချမှတ်ရန် လုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်က အဆိုပြုခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေအနက် မြောက်ကိုရီးယားက ရေနံတင်သွင်းနေမှုကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချရန်လည်း ပါဝင်ကြောင်း သိရပါတယ်။

play
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအရေး ဆွေးနွေးစဉ်


မြောက်ကိုရီးယားရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ကလည်း အရေးယူပိတ်ဆို့မှု အသစ်များချမှတ်ရန် သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို အမေရိကန်၊ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့မှု အများအပြား ယခင်ကတည်းက ချမှတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

play


အမေရိကန်က မြောက်ကိုရီးယားကို ၂၀၀၈ ခုနှစ်ကတည်းက အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်က ထိန်းချုပ်ထားခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြိုဆိုတဲ့အနေနဲ့၎င်းရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။

အသစ်ချမှတ်သွားမယ့် အရေးယူပိတ်ဆို့မှုအချို့

  • မြောက်ကိုရီးယားသို့ တစ်နှစ်လျှ င် ရေနံ စည် ၅၀၀,၀၀၀ နဲ့ ရေနံစိမ်း စည် ၄ သန်းသာ တင်ပို့သွားရန်
  • နိုင်ငံရပ်ခြားမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြောက်ကိုရီးယားနိုင်ငံသားများ ၂၄ လအတွင်း နေရပ်သို့ပြန်ကြရန်
  • မြောက်ကိုရီးယားမှ တင်ပို့နေတဲ့ စက်ယန္တရားနဲ့ လျှပ်စစ်ပစ္စည်းကိရိယာကဲ့သို့ ပို့ကုန်တွေကို ပိတ်ပင်သွားရန်
Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD