AD
AD
AD

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာ ခရစ္စမတ်ကာလအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သံသယရှိသူ မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို FBI က ဖမ်းဆီးလိုက်ပါတယ်။

play
အီဗာရစ် အေရွန်ဂျိမ်းဆန်


အသက် ၂၅ နှစ်အရွယ် မရိန်းတပ်ဖွဲ့ဝင်ဟောင်း အီဗာရစ် အေရွန်ဂျိမ်းဆန်က အသွင်ယူထောက်လှမ်းနေတဲ့ FBI အေးဂျင့်တွေကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေကြောင်း ဖွင့်ဟပြောခဲ့ပြီးနောက် ၎င်းကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အေရွန်ထံမှ စာရွက်စာတမ်းတွေအရ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်မှုများပြားတဲ့ Pier 39 နေရာကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ထားခဲ့ကြောင်း သိရပါတယ်။

အေရွန်ရဲ့ နေအိမ်ကို ရှာဖွေခဲ့ရာမှာ သေနတ်များ၊ သေတမ်းစာနဲ့ အကြမ်းဖက်တိုက်ခိုက်မှုအကြောင်း ရေးသားထားတဲ့ စာတစ်စောင်တို့ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

play


FBI ရဲ့ အဆိုအရ အေရွန်ရဲ့စာထဲမှာ သမ္မတဒေါ်နယ်ထရန့်က ဂျေရုဆလင်မ်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုမှုကိုလည်း ရည်ညွန်းရေးသားထားကြောင်း သိရပါတယ်။

အေရွန်က အစွန်းရောက် ဂျီဟတ်ဝါဒီ ယုံကြည်မှုများကို ဖွင့်ဟခဲ့ကာ ဆိုရှယ်မီဒီယာမှာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကို ထောက်ခံရေးသားခဲ့ပြီးနောက် စက်တင်ဘာလအတွင်းမှာ FBI က ၎င်းကို စတင်သတိထားစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

play


အေရွန်က အောက်တိုဘာ ၃၁ ရက်က နယူးယော့ခ်မြို့မှာ ထရပ်ကားဖြင့် အကြမ်းဖက်တိုက်ခိုက်မှု အပါအဝင် အလားတူ တိုက်ခိုက်မှုတွေကို ထောက်ခံကြောင်း ပြသခဲ့တယ်လို့ FBI က ဆိုပါတယ်။

စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ ပင်လယ်ဖျံများရှိရာ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်မှုများပြားတဲ့ ဆန်ဖရန်စစ္စကိုမြို့ရှိ Pier 39 နေရာကို အေရွန်က ပစ်မှတ်ထားခဲ့ကြောင်း အထောက်အထားတွေအရ သိရပါတယ်။ အဆိုပါနေရာဟာ လူအသွားအလာ ထူထပ်များပြားတာကြောင့် အေရွန်က ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

play


FBI စုံစမ်းရေးမှူးတွေက အေရွန်ဟာ ဖောက်ခွဲရေးပစ္စည်းသုံးပြီး အကြမ်းဖက်တိုက်ခိုက်လိုကြောင်း ပြသခဲ့တယ်လို့ FBI စုံစမ်းရေးမှူးတွေက ပြောပါတယ်။ ၎င်းက ပိုက်လုံးဗုံးပြုလုပ်ရန် လိုအပ်တဲ့ပစ္စည်းတွေ ရယူလိုကြောင်း အသွင်ယူထောက်လှမ်းသူ FBI အေးဂျင့်တစ်ဦးထံမှာ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

သို့သော် ဒီဇင်ဘာ ၁၈ ရက်မှာတော့ အေရွန်ဟာ တွေဝေနေဟန်ရှိပြီး "ကျွန်တော် ဒီလို လုပ်နိုင်မယ် မထင်ဘူး၊ ကျွန်တော် ပြန်စဉ်းစားခဲ့တယ်" လို့ FBI လျှို့ဝှက်အေးဂျင့်ကို ဖွင့်ဟခဲ့ပါတယ်။ FBI က ရှာဖွေဝရမ်းနဲ့အတူ အေရွန်ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ သေနတ်များနဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရှိခဲ့ရပါတယ်။

play


အေရွန်ကို နိုင်ငံရပ်ခြား အကြမ်းဖက်အဖွဲ့အစည်းထံ ပစ္စည်းများထောက်ပံ့ရန် ကြိုးပမ်းမှုဖြင့် စွဲချက်တင်ထားကြောင်း သိရပါတယ်။

ခရစ္စမတ်ကာလမှာ အကြမ်းဖက်တိုက်ခိုက်ရန် ပြင်ဆင်နေမှုဖြင့် ဖမ်းဆီးခံရတဲ့ အေရွန်ဟာ ၂၀၀၉ ခုနှစ် အမေရိကန် မရိန်းတပ်ဖွဲ့ရဲ့ တပ်သားသစ်လေ့ကျင့်ရေး အခြေခံသင်တန်းကို တက်ရောက်ခဲ့သူဖြစ်ပါတယ်။

သို့သော် အေရွန်က ၎င်းထံမှာ ပန်းနာရင်ကြပ်ရောဂါရှိကြောင်း ဖော်ပြခြင်းမပြုဘဲ ထိမ်ချန်ထားခဲ့တာကြောင့် မရိန်းတပ်သားသစ်သင်တန်းမှ ထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD