ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အပူပိုင်းမုန်တိုင်း တိုက်ခတ်ခဲ့မှုအတွင်း သေဆုံးသူအရေအတွက်ဟာ ၂၀၀ နီးပါးအထိ မြင့်တက်လာတယ်လို့ အာဏာပိုင်တွေက ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) ပြောကြားပါတယ်။

ဖိလစ်ပိုင်မှာ အပူပိုင်းမုန်တိုင်းကြောင့် ရေကြီးနေမှု


မုန်တိုင်းတိုက်ခတ်မှုအတွင်း ပျောက်ဆုံးနေသူတွေ ရှိနေဆဲဖြစ်တာကြောင့် သေဆုံးသူအရေအတွက် ယခုထက် မြင့်တက်လာနိုင်ကြောင်းလည်း သိရပါတယ်။

အပူပိုင်းမုန်တိုင်း တမ်ဘင် (Tembin) ဟာ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းကို သောကြာနေ့ (ဒီဇင်ဘာ ၂၂ ရက်) က စတင်ဝင်ရောက် တိုက်ခတ်ခဲ့ရာ ရေကြီးမှုနဲ့ ရွံ့နွံပြိုကျမှုတွေ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပြီး အစွန်အဖျားဒေသရှိ ကျေးရွာတစ်ရွာ ပျောက်ကွယ်သွားခဲ့တယ်လို့ ဆိုပါတယ်။

play


မင်ဒါနာအိုမှာ ယနေ့မှစပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ရာ ဒေသခံ ၁၂,၀၀၀ ကျော် နေအိမ်စွန့်ခွာခဲ့ရပါတယ်။ တူဘော့ဒ်မြို့ငယ်အနီး တောင်တန်းဒေသရှိ ဒါလာမာကျေးရွာမှာ လူ ၁၉ ဦး သေဆုံးခဲ့ပြီး အနီးအနားရှိ လာနာအိုဒယ်လ်နော်တီဒေသမှ မြို့ကြီး၊ မြို့ငယ်တွေမှာလည်း လူ ၂၆ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play


အဆိုပါဒေသဟာ မုန်တိုင်းတိုက်ခတ်မှု အပြင်းထန်ဆုံး ကြုံတွေ့ခဲ့ရတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ "မြစ်ရေတွေက တစ်ဟုန်ထိုးမြင့်တက်လာပြီး အိမ်တွေမျောပါသွားခဲ့တယ်၊ ကျေးရွာတစ်ရွာလုံး ပျောက်ကွယ်သွားခဲ့တယ်" လို့ တူဘော့ဒ်မြို့မှ ရဲတပ်ဖွဲ့အရာရှိ ဂရေးပါရာနီက AFP သတင်းဌာနကို တယ်လီဖုန်းဖြင့် ပြောကြားပါတယ်။

play


ပီယာဂါအိုမြို့ငယ်မှာ နေအိမ် ၄၀ ခန့် ရေလွှမ်မိုးခံခဲ့ရပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ မင်ဒါနာအိုကျွန်းရဲ့ အခြား နေရာဒေသတွေမှာလည် လူသေဆုံးမှု သတင်းတွေ ထပ်မံထွက်ပေါ်နေပြီး မုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားနဲ့ ဖုန်းလိုင်းများပြတ်တောက်နေကြောင်း သိရပါတယ်။

play


မင်ဒါနာအိုရှိ စီဘူကိုမြို့မှာလည်း လူ ၅ ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပြီး အခြား လူ ၂၅ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်အလယ်ပိုင်းမှာလည်း လွန်ခဲ့တဲ့ သီတင်းတစ်ပတ်မပြည့်မီက ကိုင်တက်ခ် (Kai-Tak) အပူပိုင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၅၄ ဦး သေဆုံးပြီး ၂၄ ဦး ပျောက်ဆုံးခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလက နိုင်ငံအလယ်ပိုင်ဒေသတွေကို အားကောင်းတဲ့ ဟိုင်ယန် (Haiyan) တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ဖူးပါတယ်။

play


အပူပိုင်းမုန်တိုင်း တမ်ဘင်ဟာ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅၀ ဖြင့် မင်ဒါနာအိုကို ဖြတ်သန်းတိုက်ခတ်နေပြီး ပါလာဝမ်ကျွန်းကို ဆက်လက်ဦးတည်နေကြောင်းနဲ့ အဆိုပါကျွန်းကို ယနေ့ညပိုင်းမှာ ဝင်ရောက်တိုက်ခတ်မယ်လို့ ဖိလစ်ပိုင်မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

ဖိလစ်ပိုင်မှာ နှစ်စဉ် အားကောင်းတဲ့ မုန်တိုင်း ၂၀ ခန့် ပျမ်းမျှအားဖြင့် ဝင်ရောက်တိုက်ခတ်လေ့ရှိပေမဲ့ လူဦးရေ သန်း ၂၀ နေထိုင်တဲ့ မင်ဒါနာအိုမှာ မုန်တိုင်းတိုက်ခတ်မှု နည်းပါးကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video